နော်ဝေလူမျိုး ပြဇာတ်ဆရာ၊ ဒါရိုက်တာ၊ ကဗျာဆရာ ဟဲနရစ် ဂျိုဟန် အဘ်ဆန်က ရေးတာတခုရှိတယ်။
တောထဲက ငှက်ဆိုတာ ဘယ်တော့မှ လှောင်အိမ် မကြိုက်ပါတဲ့။
ကျွန်တော် အမေရိကရောက်နေပါသည်။
ရာသီဥတုသာယာနေတဲ့အချိန်မျိုးမှာ ငှက်ကလေးတကောင် သစ်ကိုင်းလေးပေါ်နားနေတာကို မြင်သူတိုင်းက ကြည်နူးကြတယ်။
ဒါပေမဲ့ အဲဒီငှက်လေး အသိုက်ဖျက်ခံခဲ့ရတာတော့ မသိလိုက်ကြပါ။
သူ တခါတခါ အစာရှာမရခဲ့ပါ။
လောက်စာလုံးစာ မိတုန်းကလည်း လူသူမသိရှာ။
ငှက်ကလေးဟာ သူဖြစ်ပျက်တာတွေတိုင်းမှာ ဆယ်လ်ဖီးမရိုက်ပါ။
(လူတိုင်းသည် ထိုငှက်ကလေးလို ဖြစ်ကြဘူးပါသည်။)
ဒေါက်တာတင့်ဆွေ
၄-၁၂-၂ဝ၁၆

Comments
Post a Comment