Skip to main content

နည်း နဲ နီး

၁။ ငတ်လျှင်ကြံဆ နီးလမ်းရ - နည်းလမ်းရလို့ ရေးရ။

အစဉ်အလာ ဆိုစကားက လိုလျှင်ကြံဆ နည်းလမ်းရသာ ဖြစ်ပါတယ်။

၂။ နဲနဲ အမှန်လား နည်းနည်းအမှန်လားမသိ - နည်းနည်း။

၃။ ဝမ်းနဲ/ ကြွေသွားရတဲကြယ်ကလေးတွေရယလိပ်ပြာလုံကြပါစေ (ဝမ်းနည်းပါတယ်လိုရေးသင့်တယ်)

၄။ ဆရာ မင်္ဂလာပါ။ မြန်မာစာ မသိတာလေး မေးခွင့်ပြုပါရှင့်။ နဲနဲ နဲနည်းနည်း ဘယ်ဟာမှန်ပါသလဲရှင်။

၅။ ဆရာရှင့် နဲနဲ နည်းနည်း မှာ ဘယ်လိုရေးတာ အမှန်ပါလဲရှင

၆။ ဆရာရှင့် အနည်းငယ်လား အနဲငယ်လား သိချင်ပါတယ

၇။ မင်္ဂလာပါဆရာ အားနဲချက်နဲအားနည်းချက် ဘယ်ဟာကအမှန်လဲဆိုတာ သိချင်ပါတယ်ဆရာ

နည်း

တနည်းတဖုံ

တဘောငစံနည်း

ထုံးနည်း

နည်းနည်းကျဉ်းကျဉ်း

နည်းနည်းနောနော

နည်းနာခံယူ

နည်းနိဿယ

နည်းပြဆရာ

နည်းပါး

နည်းပေးလမ်းပ

နည်းမများမဟူ

နည်းယူသည

နည်းလမ်းက

နည်းလမ်းပ

နည်းဥပဒေ

မည်သူနည်း

မနည်းမများ

ဝမ်းနည်းသည

ဝိနည်း

အဘယ်နည်း

အများ-အနည်း

ဥစ္စာနည်းပါး

နဲ

ထမနဲ (နှမ်းမနဲ)

နက်နက်နဲနဲ

နဲနဲနောနော (ယခင်အသုံး)

ပိန္နဲသီး

မိုးနဲမြို

ယာဂုထမနဲ

နီး

ခွေးလောက်နီးနီး မိုက်လုံးကြီးနှင့်

ဇနီးမောင်နှံ

နီးကပ်

နီးကမ်း

နီးစပ်

နီးနွယ

နီးပါး

ရွာနီးချုပ်စပ

အနီးအနား

အနီးအဝေး

"တရေးချစ်ခွင့်မြင်ရနိုး"

အိမ်နီးချင်းနီးဖို့ရာ ဆိုရင

ဝါဆိုတောင်မပြာသိုအနားတွင် ထားလိုက်ချင်

ရက်ဖြင့်လစွန်း ယွန်းလေသညအဝေးနှင

ကြာလေလေ သတိရအတိုင်းတိုင

တပြန်တဗီ တနာရီမျှ

တဆံချည်မျှင် မေ့နိုင်အောင်ပဲ

စေ့စေ့ကဲလျှင်

ထိလုမိုးဆီ တိမ်သို့မှီသား

ထွဋ်ဘုန်းခေါင်ဖြား မြစေတီအပါး၌

နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်

တရေးချစ်ခွင့် မြင်ရနိုးရှင့်

မာမာအေး - တရေးချစ်ခွင့်မြင်ရနိုး https://www.youtube.com/watch?v=kuBZKAwurxs

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ