Skip to main content

တွန့်စရာ တို့စရာ တို့ဆရာ ဒို့ဆရာ

မှတ်ချက်တခု = တော်သေးတာပေါ့ ဆရာရယ်။ တခါက ကျောင်းမှာ ဆရာမတယောက်က ကျောင်းသား သူကျောင်းတွေကို စာစီစာကုံးတပုဒ် အိမ်စာပေးလိုက်သတဲ့။ခေါင်းစဉ်က တို့စရာ (တို့ ဆရာ)ရေးတာ မှားတယ်ပြောတာပဲ။ ကျောင်းသူကျောင်းသားတွေက ငပိရည်တွေနဲ့ သခွားစားတာတွေဘူးသီးပြုတ်နဲငပိရညနာ်စားတာတွေ ရေးလာကြသတဲ့။

ကျေးဇူး။

တွန့်စရာ အကြောင်းကိုတော့ ထပ်မရေးတော့ပါ။

စ နဲ့ ဆ အတော်မှားကြတယ်။ ကျောင်းတွေမှာပါ မှားသင်နေသလား သံသယရှိတယ်။

စလုံး စလုံး ဖိုးစလုံး

စိတ်ပါ လက်ပါ စာဆိုတုန်း။

စာဆိုတုန်းမှာ ဗိုက်ကဆာ

ဆီဆမ်းစားဖို့ ထမင်းရှာ။

အောက်ဆင့်မှာလား။

စင်ပေါ်လား။

ဆ ဆာ ဆာ့ ဆား။

စ စာ စာ့ စား။

ပျိုးခင်းတေးသံ (ကလေးကဗျာ) တင်မိုး

စ -

စလုံး စလုံး

ချိုပြုံးပြုံး

တခါတုန်းက စပယ်ကုံး

ဟော… သည်လိုပြုံး။

ဆ -

ဆလိမ် ဆလိမ်

ဦးသုံးကြိမ်

ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့ချိန်

ဆလိမ်ဆိုတာ ဆိုဆုံးမ

တခါတုန်းက ဆရာမ

ဟော… သည်လိုဗျ။

စ - စပယ်ဖြူ၊ မွှေးကြူကြူ။ (စ သေးသေးတင် မပါရ)

ဆ - ဆရာကြီး၊ ခေါင်းလောင်းတီး။

ကကြီး ခခွေး - သျှိုးလိုက်ရတု

က-ကြီး တသွယ်၊ ခ-ခွေးဝယ်နှင့်

ဂ-ငယ် ဃ-ကြီး၊ င-တသီးမှာ

အပြီး စ-လုံးသာ

ဆ-လိမ် ဇ-ကွဲ၊ ဈ-မြင်ဆွဲနှင့်

ည-လည်း အဝင်ပါတည်း။ … သျှိုး

စ စပယ်ဖြူ မွှေးကြူကြူ

ဆ ဆရာကြီး ခေါင်းလောင်းတီး

စ စပါး တို့အားထား

ဆ ဆရာ ရိုသေပါ

စ စိန်လက်စွပ် မလုပ်ရ။

ဆ ဆောင်ကြောင့်ထိုင် မလုပ်ရ။

စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/.../blog-post_48.html

စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ https://burmese-spelling.blogspot.com/.../blog-post_982.html

စဉ် စင် ဆင် https://burmese-spelling.blogspot.com/.../blog-post_559.html

စွယ် ဆွယ် စာ ဆာ https://burmese-spelling.blogspot.com/.../blog-post_597.html

စာ ဆာ အဆာသွတ် အမှားများ https://burmese-spelling.blogspot.com/.../blog-post_115.html

စက် ဆက် https://burmese-spelling.blogspot.com/.../blog-post_490.html

စွဲ ဆွဲ https://burmese-spelling.blogspot.com/2022/08/blog-post_39.html

စွဲ နှင့် ဆွဲ https://burmese-spelling.blogspot.com/2023/09/blog-post_18.html

ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ ၀ါ ၀ါ ၀ါ ၀ါ

ထမင်းဆီဆမ်းရွှေလင်ပန်း (ရေး/ သောင်းတင်ဋ္ဌေး ဆို/ တွံတေးသိန်းတန်) https://www.youtube.com/watch?v=cGYm8YGNBqs

သောက်ဆမ်းဟင်းကို ကြိုက်သလောက်သောက်စမ်းပါ။ စမ်းတဝါးဝါး လုပ်မနေနဲ့။ လူအမည်ကိုတော့ ကိုယ်ကြိုက်သလို မစန်း၊ မစမ်း၊ မဆမ်း၊ မစဏ်း၊ မဆဏ်း ရပါတယ်။

စုံ နဲ့ ဆုံ https://burmese-spelling.blogspot.com/2023/02/blog-post_947.html

ပျိုးခင်းတေးသံ (ကလေးကဗျာ) တင်မိုး https://drive.google.com/.../1EzKKm.../view...

စ နဲ့ ဆ အမှားတွေ အများကြီး ရှိသေးတယ်။ တခြားအမှားတွေလည်း အများကြီး။ အခုမှ စာဖတ်သူတွေက တ နဲ့ တစ်သာပြောနေတယ်ဆိုပြီး မတရားပုဒ်မ တပ်နေကြတယ်။

တို့ နဲ့ ဒို့ ကလည်း တမျိုး။

တို့ နှင့် ဒို့ https://burmese-spelling.blogspot.com/2022/12/blog-post_886.html

စလုံးနဲ့ ဆလိမ် သားလေးစာဖတ်ချိန် https://burmese-spelling.blogspot.com/2024/03/blog-post_85.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ