စာကောင်းတွေ၊ ဂန္ထဝင်စာတွေ၊ စာလုံးပေါင်းသတ်ပုံမှန်နဲ့စာတွေကို ဖတ်လိုသူများ ဟံသာဝတီတိုက်ထုတ် စာအုပ်တွေကို လက်မလွှတ်သင့်ပါ။
ရှေးကျလို့ နောက်ပိုင်းမှာ စိစစ်ရတာတချို့လည်း ပါနိုင်တယ်။
စိစစ် တည်းပြတ် (တည်းဖြတ်) တဲ့အလုပ်ကို ပညာရှင်အစစ် (အရာရှိ မဟုတ်) တွေကသာ ဆောင်ရွက်ကြရပါတယ်။
ကကြီးခခွေးနဲ့ ရေးတာတိုင်းကို အဆင့်အတန်းရှိတဲ့ မြန်မာစာလို့ သတ်မှတ်လို့မရပါ။
တော်တဲ့တတ်တဲ့ ပညာရှင်များရေးသားတာကိုသာ လက်ခံသင့်ကြပါတယ်။
အခုခေတ်မှာ သိလိုတာရှာရတာ အလွန်လွယ်ကူလာပါတယ်။ ဒါပေမဲ့ စိစစ်နိုင်မှသာ အမှန်ကိုတွေ့မယ်။
ပညာစစ် ပညာမှန် ပြန်လည်ထွန်းကားလာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment