မက်ဆေ့ချ်တခု = မြန်မာစာသတ်ပုံကတော့တော်တော်ဆိုးပါတယ်ဆရာ ပုံနှိပ်ထုတ်ဝေသူတွေကလည်းအမှားအမှန်မသိကြဘူးလားမသိ
ပြန်စာ
မကြာခဏတင်ပြထားပါတယ်။
မြန်မာစာစာလုံးပေါင်းသတ်ပုံတွေ ခေတ်အရပြောင်းရတာမျိုးလည်း ရှိတယ်။
၁။ အရင်က စာလုံးဆင့်ရေးနည်း ရှိခဲ့တယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ မိုဃ်း၊ ကျမ္မာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်တွေကို အရင်ကလောက် မရေးကြတော့ပါ။
စွဲး၊ စဲး၊ ထဲး၊ ၍့၊ ၏့၊ မှု့၊ သဲး၊ ဧးတွေမှာ အောက်မြစ်နဲ့ ဝိသဇ္ဇနီတွေမပါပဲ ရိုးရိုးလေးရေးလာတာကြာပြီ။
ခေတ်အပြောင်းအလဲဆိုတာ ပိုပြီး လွယ်ကူရှင်းလင်းစေရပြီး မူရင်းအဓိပ္ပါယ်လည်း မပျက်စေရပါ။
၂။ မူကွဲအမှန်တွေလည်း ရှိတယ်။ ဥပမာ
ငပိ နဲ့ ငါးပိ မူကွဲ။
စကားပန်း စံကားပန်း မူကွဲ။
စပယ်ပန်း နဲ့ စံပယ်ပန်း မူကွဲ။
ဆန်ခါ နဲ့ ဇကာ မူကွဲ။
ဒါး ဓါး ဓား ထား မူကွဲ။
ပဌမ နဲ့ ပထမ မူကွဲ။
ဖတ်စာနဲ့ ဘတ်စာ မူကွဲ။
ဖိနပ် နဲ့ ဘိနပ် မူကွဲ။
မြင့်မိုရ် နဲ့ မြင်းမိုရ် မူကွဲ။
မြမ္မာ နဲ့ မြန်မာ မူကွဲ။
မိမ္မ နဲ့ မိန်းမ မူကွဲ။
မုံ့ နဲ့ မုန့် မူကွဲ။
မုံ့ဟင်းခါး မုန့်ဟင်းခါး မုန့်ဟင်းငါး (မူကွဲ)
ယက္ကန်း နဲ့ ရက်ကန်း မူကွဲ။
ယ္ခင် နဲ့ ယခင် မူကွဲ။
ရက်ကန်း၊ ယက်ကန်း၊ ယက္ကန်း မူကွဲ။
လဘက် လက်ဖက် လ္ဘက် (မူကွဲ)
ဝေဘန် နဲ့ ဝေဖန် မူကွဲ။
သခွတ် နဲ့ သခွပ် မူကွဲ။
သင်္ခန်း နဲ့ သင်ခန်း မူကွဲ။
သန်ကောင် သန်ခေါင် သန်းကောင် မူကွဲ။
သမတ နဲ့ သမ္မတ မူကွဲ။
သမီး နဲ့ သ္မီး မူကွဲ။
သ္ခင် နဲ့ သခင် မူကွဲ။
အဘေနဲ့ အဖေ မူကွဲ။
အသျှင် နဲ့ အရှင် မူကွဲ။
၃။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထုတ် ၅ တွဲဟာ အပြည့်စုံဆုံးနဲ့ အားထားရဆုံးဖြစ်ပါတယ်။
၄။ တဝမ်းပူအများစုကို စသတ်စေအမိန့်က ၁၉၈၆ လောက်မှာ အာဏာနဲ့ ထုတ်တယ်။ ဒါပေမဲ့ သတ်ပုံမှန်အတိုင်း ရေးသား၊ သင်ကြား၊ ထုတ်ဝေခွင့် ရှိသေးတယ်။
၅။ ၁၉၈၈ ခုနှစ်နောက်မှာပေါ်လာတဲ့ စာပေစိစစ်ရေးက ပေါ်လစီမူနဲ့မဟုတ်ရင် ထုတ်ဝေခွင့် ပိတ်ပင်ပါတယ်။ ကျောင်းသုံးစာအုပ်တွေကိုလည်း ပေါ်လစီသတ်ပုံနဲ့ ပြင်ပြီး သင်စေတယ်။
၆။ ၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ မြန်မာအဘိဓာန်သစ် ထုတ်တယ်။
၇။ ထူးခြားတယ်။ အစိုးရပြောင်းလို့ သတ်ပုံပြောင်းတာ မြန်မာနိုင်ငံက မြန်မာစာ။
၈။ စာပေစိစစ်ရေးဖွဲ့ကို ၂၀-၈-၂၀၁၂ နေ့ကစပြီးဖျက်တယ်။ သတ်ပုံမှန်အတိုင်း ထုတ်ဝေခွင့်ရှိတယ်။ ကျွန်တော် ဆေးပညာစာများ စာအုပ် ၃ အုပ်ထုတ်ပါတယ်။
၉။ ဒါပေမဲ့ လက်အံသေ၊ ဦးနှောက်ပိတ်နေသူတွေက များနေပြီ။ အမှန်ကိုထောက်ပြတိုင်းမှာ ကြိမ်းမောင် ဆဲဆိုကြပါတော့တယ်။ အလိမ်မာ ခေတ်သစ်ပညာမှာ မရှိ။
၁၀။ ဆိုရှယ်မီဒီယာမှာ ကြိုက်သလိုရေးကြတယ်။ လူသုံးကလည်း များများလာတော့ အသုံးချမြန်မာစာဟာ ဖြစ်ကတတ်ဆန်းအဆင့်ထိ ကျလာတယ်။
ကောက်ချက်
လူကြီးမင်းများသဘောသာဖြစ်ပါတယ်။ ကျွန်တော့မှာအာဏာ မရှိပါ။ ကျွန်တော်တို့လူမျိုးက အာဏာနဲ့ဆို ခိုင်းချင်တာခိုင်း။ ပညာဆိုရင် ဝေလာဝေးအဖြစ်ရောက်နေပြီ။
ခေတ်မကောင်းသေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment