Skip to main content

ရွာ့ကျက်သရေ (သိပ္ပံမောင်ဝ)

- ရွာ့ကျက်သရေ စာလေလိုချင်းလုပ်

စာလေး လိုချင်လို့ လို့ရေးရ

ကကြီး ရရစ် ကသတ် ကြက်၊ ကကြီးရရစ် ငသတ် ကြင်။ နှစ်တလီ နှစ်၊ နှစ်နှစ်လီ လေး၊ နှစ်သုံးလီ ခြောက်။

ထိုအသံများ၏ပိုင်ရှငကျောင်းသားကျောင်းသူကလေးတိုစုဝေးရာ ရွာကျောင်းကား ဒိစတြိတ်ကောင်စီအထောက်အပံ့ခံ ကျောင်း မဟုတ်။ အစိုးရမင်းက အသိအမှတ်ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသားပညာရေးအဖွဲ့က အားပေးသော ကျောင်းလည်းမဟုတ်ပေထိုကျောင်းသားကျောင်းသူကလေးများက တယောက်လျှင် တနှစ်အတွကစပါးသုံးတင်းမျှသော အထောက်အပံ့ကိုသာခံယူကာ တည်ထောင်ထားသောကျောင်း ဖြစ်လေသည်။ ဤသိုကျောင်းသားကလေးများကျောင်းသူကလေးများမှတပါး အခြားမည်သူအထောက်အပံ့ကိုမျှခံယူသောကျောင်း မဟုတ်သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ်ကောင်စီလူကြီးမင်းတို့၏ စစ်ဆေးခြင်းမလုံးလုံးကင်း၏။

ထိုကျောင်းကို အုပ်ချုပ်ကာ မင်းလုပ်နေသော ဆရာစောပငပညာဝန်၊ သူပငပညာမင်းကြီးသူပငပညာရေး အမတ်ချုပ်ကြီးဖြစ်လေသည်။ နွေအခမေမြို့၌ ရုံးစိုက်၍ မိုးအခရန်ကုန်မြို့တွငရုံးစိုက်တော်မူသော ပညာရေး အမတ်ချုပ်ကြီးထက်ပငဆရာစောမှာ လွတ်လပ်ခွင့်ရသေးပညာရေးအမတ်ချုပ်ကြီးမှာ မင်းတိုင်ပင်အမတ်တို့၏ အမေးများကို ဖြေကြားရလေသည်။ ကုက္ကိုဝရွာ ဆရာစောကား မည်သူ၏အမေးကိုမျှ ဖြေကြားရန်မလိုမိမိစိတ်ထင်တိုငသင်ကြားနိုင်သော ဂုဏ်ထူးရှိ၏။ မိမိ သင်ကြားလိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိကျောင်းပိတ်ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှလာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြိုရသော ဒုက္ခ၊ သူတို့အတွက် လှည်းတို့၊ လှေတို့ကို စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။

ကျောင်း၏ ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။ ဆရာစော၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ဝါးလုံးတိုင်၊ ဝါးလုံးကြမ်းခင်း၊ ပြတင်းပေါက် နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာရှိလေသည်။ ဤမျှနှင့် ကျောင်း၏ပုံပန်း ပေါ်လောက်ပြီ

ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီးလူထွကဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့်အရပ်မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောပြနိုင်။ ရဟန်းဘဝက မည်သည့်စာအထိ ပေါက်ခဲ့သည်ဟူ၍လည်း မည်သူမျှ မသိဆရာစော၏ အပြောအဆိုအတိုင်းကား သင်ရိုးပေါက်ခဲ့သူ တယောကဖြစ်လေသည်။ ရဟန်းဘဝတွင် မပျော်ပိုက်၍ လူထွက်ရသည် မဟုတ်။ ဝိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍လာရခြင်း ဖြစ်လေသည်။

ဆရာစော၏ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲနှာတံကောက်ကောက်။ သို့သောကြောက်စရာကား မကောင်းပေတထွာခန့်ရှည်သော ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပဝါဖြင့် ပေါင်း၍ထား၏။ အကျင်္ီကား မရှိလုံကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဘက်အစတွင် အကွဲကနှစ်ကွဲလက်ထဲတွင်ကား ကြိမ်လုံးတလုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုးနေပေပြီသစ်မရှိခင်စပ်ကြား ဝါးပေါင်:ကွပ်ဆိုသော စကားနှင့်အညီ ကျိုး၍သွားသော သစ်သားရိုးနေရာတွငဝါးပိုးကိုတပ်၍ထား၏။

ဆရာစောကျောင်းသားကျောင်းသူတို့ကား ဆရာကတော်ကြီးရောင်းသော ပဲလှော်အပြင် မည်သည့် မုန့်ကိုမှ ဝယ်စားခြင်းမပြုရ။ ကျောင်းသားများနှင့် သင့်လျော်လေအောင် အထူးစီမံထားသော ပဲလှော်ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏ အဆိုတည်း) ဆရာကတော်ကြီး ပဲလှော်နေခိုက် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက်ခြွေ၏။ သူတို့သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင်မသင်ကြရသေး။ သို့သော် ဆရာက တော်ကြီး၏ အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏ အချစ်တော်ဆိုလျှင် ဆရာစော၏အချစ် တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်မှာ နှစ်ကိုယ့်တစိတ်ဖြစ်သောကြောင့်ပေတည်း။ ဆရာကတော်ကြီး၏ အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန်မလို။ စာတတ်လျှင် ရည်းစားထားလေ့ရှိကြကုန်၏။ ကကြီးခခွေးနှင့် ဘုရားရှိခိုးတတ်လျှင်တော်ပြီ။ မိမိမှာ ဆရာကတော်ပင်ဖြစ်စေကာမူ စာဖတ်၍မတတ်။

မိန်းကလေးဟူက အချက်အပြုတ်တတ်ရမည်၊ အချက်အပြုတ်မတတ်ပါက ရှက်စရာကောင်းလေသည်။ ထို့ကြောင့် မိမိ၏အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တို့အား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြားပြသ လျက် နေလေသည်။ ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်းချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။ ကြက်သား၊ ဘဲသား၊ ဝက်သား ဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာတော်ကလည်း မချက်တတ်သောကြောင့်မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ဝက်သားတို့ကို မဝယ်နိုင်သောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။

ကျောင်းသားများကိုကြည့်ကာ ဒီကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာမှတတ်ပါ့ မလား သူကြီးမင်းဟု မောင်လူအေးက သူကြီးမင်းဦးဖိုးထုံအားမေး၏။ တတ်သင့်သလောက်တော့ တတ်တာပါပဲဟု ဦးဖို:ထုံက ဖြေလေသည်။ တတ်မယ် မထင်ပါဘူးဗျာ မောင်လူအေးဆိုပြန်လေသည်။

ဤသို့မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြားပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန်မတူ။ နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့်ကြာလျှင် ဤရွာကျောင်းမှာပင် မြန်မာပြည်သမ္မတ ထွက်ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။ ။

သိပ္ပံမောင်ဝရေးတာက ၁၂၉၅ ခုနှစ်၊ ဝါဆိုလဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ် ဇူလိုင်လထုတ် ဒဂုန်မဂ္ဂဇင်းမှာ ပါတယ်။ ကျွန်တော့ထက် ၁၅ နှစ်အသက်ကြီးတဲ့ ခေတ်စမ်းစာ။ ကျွန်တော် ၁၅ နှစ်သား ဆယ်တန်းမှာ အိုဘီကျောင်းသားတွေဆီကနေ ငှားဖတ်တယ်။ နောက် ၁၅ နှစ်ကျော်တော့ မြန်မာစာလက်တည့်စမ်းတဲ့ သတ်ပုံခေတ်ကို ရောက်လာတယ်။ အခုထိ။

အခုချိန်မှာ သူကြီးဦးဖိုးထုံကိုမေးလျှင် တတ်သင့်သလောက် တတ်တာပါပဲဟု ဖြေပါမည်။ ။

မြန်မာရွာနဲ့ မြန်မာစာ ကျက်သရေပြန်ရှိလာနိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ