ဆို - တွံတေးသိန်းတန်
ဆောင်းမှာမွေး၍ နှင်းမှာသန္ဓေတည်
ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ်
ဆောင်းရယ် နှင်းရယ် ချစ်သူရယ်
အတူတူပဲကွယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲ အသည်းမှာအမြဲ
တင်စားကမ္ပည်းခြယ်
ဆောင်းဆိုသည်က အေးမြခြင်းကို
သရုပ်ဆောင်တယ်
ငွေနှင်းမြူက သန့်စင်တယ်လို့
အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ် ဆောင်းနှယ်အေး၍
နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲကွယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲ အသည်းမှာအမြဲ
တင်စားကမ္ပည်းခြယ်
ဆောင်းဆိုသည်က အေးမြခြင်းကို
သရုပ်ဆောင်တယ်
ငွေနှင်းမြူက သန့်စင်တယ်လို့
အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ် ဆောင်းနှယ်အေး၍
နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲကွယ်
နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနှယ်
အချစ်ရဲ့အသည်းနှလုံးက နှင်းလိုဖြူစင်တယ်
ပုလဲလိုကွယ် အမြဲကို တကယ် အသည်းဝယ်
ယုယချစ်မယ်
ချစ်သူရယ် လှစ်ကြူတယ် စကားရယ်
ဆောင်း၌သွေး ညင်းလေပြေနှယ်
ကိုယ့်ရွှေဘဝင် အသည်းမှာကွယ်
အမြဲတကယ် အေးမြလှတယ်
ဆောင်းဆိုသည်က အေးမြခြင်းကို
သရုပ်ဆောင်တယ်
ငွေနှင်းမြူက သန့်စင်တယ်လို့
အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ် ဆောင်းနှယ်အေး၍
နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲကွယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲ အသည်းမှာအမြဲ
တင်စားကမ္ဗည်းခြယ်
ဆောင်းဆိုသည်က အေးမြခြင်းကို
သရုပ်ဆောင်တယ်
ငွေနှင်းမြူက သန့်စင်တယ်လို့
အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ် ဆောင်းနှယ်အေး၍
နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အတူတူပါပဲကွယ်
နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနှယ်
အချစ်ရဲ့အသည်းနှလုံးက နှင်းလိုဖြူစင်တယ်
ပုလဲလိုကွယ် အမြဲကိုတကယ် အသည်းဝယ်
ယုယချစ်မယ်
ချစ်သူရယ် လှစ်ကြူတယ် စကားရယ်
ဆောင်း၌သွေး ညင်းလေပြေနှယ်
ကိုယ့်ရွှေဘဝင် အသည်းမှာကွယ်
အမြဲတကယ် အေးမြလှတယ်
ဆောင်းဆိုသည်က အေးမြခြင်းကို
သရုပ်ဆောင်တယ်
ငွေနှင်းမြူက သန့်စင်တယ်လို့
အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ် ဆောင်းနှယ်အေး၍
နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
အ တူ တူ ပါ ပဲ ကွယ်။ ။
မှတ်ရန်
သီချင်းစာသားတင်တာတွေမှာ
ကမ္ပည်း
သန္တေတည်
အဓိပ္ပါယ်လို့ ရေးတာတွေလည်း မှားနေတယ်။
မြန်မာဝစ်ရှင်နရီမှာလည်း ကမ္ပည်းမှားနေတယ်။
Woman Winter Pictures | Download Free Images on Unsplash
ဒေါက်တာတင့်ဆွေ
Comments
Post a Comment