- ပုဂံရောက်ဖူးလား အမှန်ကအါ့(အဲ)လိုမဟုတ်ဘူးလားဆရာ။
ဘူး ဖူး နဲ့ ဗူး စာတွေကို ခဏခဏ ထပ်ခါထပ်ခါ တင်ပြထားပါတယ်။
အတိုဆုံးဖြေရရင် -
ကြားဘူးနားဝ။
ဘုရားဖူးဘူးသည်။
ဗူးတလုံးဆောင်။
ဗူးသီးတလုံးဆောင်။
မ နောက်က ဘဲလိုက် အာလုံးတော့ မမှန်ပါ။
မ မပါရင် ပဲ အားလုံး မမှန်ပါ။
ကလေးဗူးမှုတ်တာကလွဲရင် ဘူး။ မဟုတ်ပါ။ ကလေးက ဘူးလည်းမှုတ်၊ ဗူးလည်း မှုတ်တယ်။
ဗူးဘုရား ဖူးဘူးသလား။
ဗူးသီးကြော် စားလို့ကောင်း၏။
ကလေးချိုဗူးစို့နေသည်။
ဗူး ဋီကာ https://burmese-spelling.blogspot.com/2025/02/blog-post_861.html
ChatGPT 5 ဖူး နှင့် ဘူး ပြဿနာ https://burmese-spelling.blogspot.com/2025/10/chatgpt-5.html
အဲ အဲသည် အဲသည်တော့ အဲသည်လို အဲသည်လောက် အဲဟို https://burmese-spelling.blogspot.com/2025/07/blog-post_86.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment