၁၉၆၂ ခုနှစ် မေလ ရွှေဈေး တကျပ်သား ၂၃၆ ကျပ် ၂၅ ပြား။ အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗခက နေဝင်းက အာဏာသိမ်းလိုက်တယ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။ ရွှေဈေးက ၂၀၀ ကျော်ကျော်လေး။
ဆေးကျောင်း (၁၉၆၅-၁၉၇၂) တက်စဉ်က အဆောင်ကြေး ၄၂ ကျပ်၊ ကျောင်းလခ ၁၅ ကျပ်၊ စကောလားရှစ်နဲ့ စတိုင်ပင် ၇၅ ကျပ်။ တလမှာ လက်ဖက်ရည်ဖိုး ၃ ကျပ်ကျန်သေးတယ်။
၁၉၈၇ ခုနှစ်မှာ မြန်မာပြည်ဟာ အယ်လ်ဒီစီ ခေါ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းဝင်တယ်။ တကျပ်သားကို တစ်ကျပ်သားလို့ ရေးခိုင်းသူတွေတက်ကတည်းက စီးပွါးရေးပိုညံ့လာတာ။ စာရင်းထဲကထွက်ဖို့ အခုထိ လမ်းမမြင်သေး။
အခုရေးတာ စတိုရီ မဟုတ်။ စိတ်ကူးယဉ် မဟုတ်။ ရသစာ မဟုတ်။
ရှေးကဟာတွေ လာမပြောနဲ့ဆိုသူတွေများလာတဲ့ခေတ်။
သမိုင်းဆိုတာ မ အ အောင်သင်ရတယ်။ (ဒေါက်တာသန်းထွန်း)
လူလိမ် မခံချင် သမိုင်းသင် (ကျွန်တော်)
ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Comments
Post a Comment