Skip to main content

Daai (Daai Chin) ဆိုတာ

မေးခွန်းတခု = မေးပါရစေ။ Dai (or) Daai ကို မြန်မာလိုရေးတဲ့အခါ "ဒိုင်ရ်"ဟုရေးမှမှန်တယ် ဆိုကြတယ်။ "ရ်” အသတ်ဟာ မြန်မာအသတ်၊ ပါဠိအသတ် တို့နဲ့ ကိုက်ညီမှုရှိပါသလား ကျေးဇူးပြု၍ အချိန်ရရင်ဖြေပေးပါ။
မေးခွန်းတခု = Dai သာဖြစ်ရမည်။ Dai (ဒိုင်) Daai ကို ဒိုင်ရ် အဓိပ္ပါယ်ရှိပါသလားဆရာ။ ကျွန်တော်အထင် အသတ် နှစ်ဆင့် ဖြစ်နေလို့ င် နဲ့သတ်တယ် ရ် ထပ်ဆင့်တပ်တယ် မှန်ကန်မှူ(မှု) ရှိပါသလား။ ဘာသာဗေဒပညာရှင်လို့တော့ပြောတယ်။ ရေးတဲ့သူက င အသတ် နှင့် ရ် အသတ် ဆက်ပြီးရေးလို့ ရပါသလားဆရာ။ ဆရာရဲ့စာတွေကြောင့် ကျွန်တော် မြန်မာစာနဲ့ပတ်သက်လို့ ဗဟုသုတ အတော်ရရှိခဲ့ပါတယ်။
ပြန်စာ
ကျေးဇူး။
Daai (Daai Chin) ဆိုတာ Kuki-Chin မြန်မာပြည်က ကူကီး-ချင်း အပြောစကားအမည်ဖြစ်ပါသတဲ့။ 
ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝမြို့နယ်တွေထဲက ရွာပေါင်း ၁၄၂ ရွာမှာ ပြောတယ်လို့ ဆိုပါတယ်။
Daai စာအရေးအသားကို ၁၉၇၆ ခုနှစ်မှာ U Khine Sho နဲ့ Ms. Halga So Hart Manno တို့တီထွင်ပေးတယ်လို့ ဝီကီပီးဒီယားမှာ ရေးထားတယ်။
မှတ်ရန်
လူမျိုးစု မတူသူတွေက တခြားလူမျိုးစုတွေပြောဆိုတဲ့ စကားသံကို အတိအကျ မထွက်တတ်ကြပါ။ လူမျိုးစုတူတွေကသာ မှန်အောင် ပြောဆိုတတ်ကြတယ်။ 
တိုင်းတပါးလူမျိုးခြားတွေက ပိုဆိုးတယ်။
မြန်မာလူမျိုးအများစုဟာလည်း အင်္ဂလိပ်စကားသံကို တထပ်တည်းကျအောင် မထွက်တတ်ကြပါ။ 
သူတို့လည်း မထူးဘူး။ 'မြန်မာ' ကို အသံထွက် မှန်အောင် မထွက်တတ်ကြပါ။ 'မိုင်ယင်မာ' တဲ့။
ဘာသာစကားမတူတာကို မြန်မာလိုစာနဲ့ရေးရင်လည်း ထပ်တူကျအောင် မရေးနိုင်တာက ပိုများတယ်။
ကျွန်တော်က 'ကွန်မင့်' လို့သာရေးတယ်။ 'မန့် မန့်' နဲ့လာပြောနေသူ ၁၀၀ (တရာ) လောက်ရှိပြီ။ ကိုယ်မမှန် သူမှား။
(ရ်) ကတော့ မမှန်လောက်ပါ။ အစဉ်အလာအားဖြင့် R သံကိုသာ ရ် နဲ့ရေးကြတယ်။ Daai မှာ R မပါ။
"Daai" (or "dāʼi") is pronounced similarly to "die" or "dye" in English, often with a slight emphasis on the "i" sound, like "da-ee," depending on the language (Bengali, Vietnamese, Japanese, etc.), but generally rhymes with "sky" or "my". 
တရ် ဆိုတာ ဟင်ဒူစတန်နီလိုပြောတာ https://burmese-spelling.blogspot.com/2022/08/blog-post_728.html
Dr. တင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ