၁။ အာ့ဆို ဂြိုလ်ကို ဘယ်နေရာမှာသုံးလဲဗျ
မြန်မာအဘိဓာန်နဲ့ သတ်ပုံကျမ်းတွေထဲမှာ ဂြိုလ် မပါ။
ဂြိုဟ် https://burmese-spelling.blogspot.com/2025/10/blog-post_374.html
၂။ အာ့တွေက စာလုံးပေါင်း အမှန်ကို ပြောတာလားဆရာ။
၃။ အာ့ဆေးက ဘာအတွက်သောက်ရတာပါလဲဆရာ ဖြေကြားပေးပါခင်မျာ
၄။ အာ့နောက်ပိုင်း မသောက်ဖြစ်တော့ပါဘူးဆရာ
အာ့ ဆိုတာ မရှိပါ။ အ၊ အာ၊ အား သာရှိတယ်။ အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။
အဲတာလို့ ရေးရပါမယ်။ အဲဒါလို့ထွက်တယ်။ အဲဒါလို့လည်းရေးကြတယ်။ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ လို့လည်း ရေးနိုင်တယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်း ပြောကြတယ်။ အဲ့ မသင့်။ အာ့ မသင့်ပါ။ အိုက် မှားကိုမှားတယ်။ အာလာ မမှန်။
ဆရာတင်မိုး၏ 'ဆန်းသစ်စ'ကဗျာ
ဆန်းသစ်စ လကလေးဟာ
အဲဒါ 'ရေးချ'ပါ။
ပြောင်းပြန်လှည့်ကာ ဝတ်ဆံထိုး
အဲဒါ 'သဝေထိုး'။
ရေအိုးကလေး ရွက်လာရင်
အဲဒါ 'လုံးကြီးတင်'။
လုံးကြီးတင်မှာ မျက်ဆန်ခတ်
'လုံးကြီးတင် ဆန်ခတ်'။ ။ (စာ - ၇၁ မှ)
ဘဝသံသရာသီချင်းစာသားမှာ အဲဒါအဲဒါအဲဒါ ဘဝသံသရာလို့ရေးတာ အသံထွက် ရေးထုံးအရ မှန်တယ်။
အိုက်၊ အာ့၊ အာလာ https://burmese-spelling.blogspot.com/2024/07/blog-post_517.html
အဲတာ အဲဒါ အဲသည် https://burmese-spelling.blogspot.com/2024/12/blog-post_877.html
အဲ့ အော့ အဲ ဒါ တာ https://burmese-spelling.blogspot.com/2022/12/blog-post_600.html
ဒီ နှင့် သည် အဲတာ နဲ့ အဲဒါ https://burmese-spelling.blogspot.com/2024/11/blog-post_967.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment