ကွန်မင့်တခု = လမ်းစရှောက်တဲ့နေ့ကစပြီးရွှေစျေးတွေတက်နေဒါ။
ပြန်စာ
လမ်းလျှောက်လို့ ရေးရ။
နေတာလို့ ရေးရ။
အဲလို ချိတ်ဆက်ယူတာ မမှန်ပါ။
၁၉၆၂ ခုနှစ် မေလ ရွှေဈေး တကျပ်သား ၂၃၆ ကျပ် ၂၅ ပြား။ အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗခက နေဝင်းက အာဏာသိမ်းလိုက်တယ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။ ရွှေဈေးက ၂၀၀ ကျော်ကျော်လေး။
ကျွန်တော်ကျောင်းသားဘဝတုန်းက ရွှေဈေး ၂၀၀-၂၅၀ ကျပ်။
ပြည်ပထွက်ပြေးရချိန်မှာ ၃၀၀၀၀ ကျပ်။
လမ်းလျှောက်နေကြတဲ့ ဘုန်းတော်ကြီးတွေသာမက အခုကွန်မင့်ရေးသူပါ မမွေးလောက်သေးပါ။
ရွှေဈေးက နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း တက်နေပါတယ်။
၂၀-၆-၁၉၇၈ နေ့စွဲနဲ့ ရွေခြေကျင်းတရံ ဘောင်ချာထဲမှာ ရွှေဈေးနှုန်းက ၁၃၂၅ ကျပ် လို့ပါရှိတယ်။ သမိုင်းထဲက ရွှေဈေးမှန်ကို သိရတဲ့အတွက် ကျေးဇူးကြီးပါတယ်။
၁၉၇၈ ခုနှစ်ဆိုရင် ကျွန်တော် ဆရာဝန်ဖြစ်တာ ၆ နှစ်ရှိနေပြီ။
ခေတ်အဆက်ဆက်က မြင့်တက်လာသော ရွှေတကျပ်သားစျေးနှုန်းများ တင်ထားတာတခု တွေ့တယ်။ ၁၉၆၂ ခုနှစ် (၂၅၀) ကနေ ၂၀၂၂ ဇူလိုင်လ (၂၀၆၂၀၀၀) အထိ ပါတယ်။
- ၁၇-၁-၂၀၂၂ မြန်မာ့ရွှေ နှင့် ကမ္ဘာ့ရွှေစျေးနှုန်း တနေ့ နည်းနည်းတက် ၁၉ သိန်း ၅ သောင်း (သတ်ပုံ မှန်တယ်။)
- ၂၁-၃-၁၉၆၁ ရက်နေ့မှာ ရွှေတကျပ်သား ပြား ၁၅၀ စျေးတက်လာသည်။ (သတ်ပုံ မှန်တယ်။)
- ၁၁-၅-၁၉၆၁ ရက်နေ့မှာ တကျပ်တက်သည်။ (သတ်ပုံ မှန်တယ်။)
- ဦနုအစိုးရလက်ထက်မှရွှေစျေးပါ ဒီအချိန်ကလ္ဘက်ရည်တခွက် ၂၅ပြား၊ ဒန်ပေါက်တပွဲ ၂ကျပ် အနိမ့်ဆုံးလစာ ၉ရကျပ် တဲ့။
ကျွန်တော့မိဘတွေလက်ထက်မှာ တကျပ်သား ၂၀၀ လောက်သာရှိတယ်။ ၁၉၈၂ လောက်က ကျွန်တော်စစ်ကိုင်းဆေးရုံ ရောက်နေချိန်မှာ ရွှေတကျပ်သား ၃၀၀၀ ကျပ်ရှိတယ်။ မိကျောင်းစက်ဘီးတစီး တန်ဖိုးနဲ့ ညီမျှတယ်။ နောက် ၂ နှစ်လောက်နေလို့ ပုလဲရောက်တော့ ၅၀၀၀ ဖြစ်လာပြီ။
၁၉၆၂ ခုနှစ် မေလ ၁၁ ရက်နေ့ သတင်းစာအရ ရွှေဈေး တကျပ်တက်တယ်။ ၂၃၆ ကျပ် ၂၅ ပြား၊ ၂၃၆ ကျပ် ၅၀ ပြား။
အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။
၅-၁၂-၂၀၁၈ နေ့ ဘီဘီစီသတင်းအရ ရွှေတကျပ်သား ၉၄၃၀၀၀ ကျပ်။ သတ်ပုံ မှန်တယ်။
အခုရေးတာ စတိုရီ မဟုတ်ပါ။ စိတ်ကူးယဉ် မဟုတ်။ ရသစာ မဟုတ်။ မှန်ကန်သော ရွှေတကျပ်သား ရှေးစကားတည်း။
ညောင်ဦးကမ်းပါပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဆက်တွေးနေသူတွေ တယ်များတာဘဲ။
ညောင်ဦး ကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရသည်ဟု မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသကဲ့သို့ အဆက်အစပ်မရှိသော ဖြစ်ရပ်တခုကို မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသည်။
ဒေါက်တာတင့်ဆွေ

.jpg)
Comments
Post a Comment