ကျေးဇူးပါ ဒေါက်တာ။ "တစ်ခါတစ်ရံ" ဆိုတာကြီးကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ နောက်မျိုးဆက်တွေကိုတော့ အခုလို အမှားကြီးကို မသုံးကြရအောင် လက်လှမ်းမီသလောက် ပြောပြပေး၊ မျှဝေပေးသွားပါမယ် ဒေါက်တာခင်ဗျ။
ဟုတ်။
နောက်ထပ် သွက်သွက်ခါအောင်မှားနေတဲ့ နမူနာတချို့ ပို့လိုက်ပါတယ်။
မြန်မာစာကို မှန်စေချင်တဲ့စိတ်ထားစေတနာ ကောင်းပါတယ်။
ခေတ်ပျက်ဖြစ်တာ့ ကောင်းတာ၊ မှန်တာတွေက အရှုံးပေးနေရတယ်။
လိမ်သူ၊ ညာသူတွေက ရောင်းကောင်း၊ ဆဲလီဖြစ်၊ ရာထူးတွေရနေကြတယ်။
ကျွန်တော့မှာတော့ အာဏာတစက်ကလေးမှ မရှိပါ။
(၁)
တခါတရံ အင်းယားကန်မှာ (တင်မိုး)
(၂)
တခါတရံ ချစ်သူထံရည်စူး
ခူးပေးချင်သေး ကျေးစေတမန်
အောက်မေ့ပြန်လှန်
ပုလဲသဏ္ဍာန် ငွေမျက်ရည်ဥ
ချစ်ရတုထံတျာ တေးရေးဖွဲ့ပြန်။ (ချစ်ရတုထံတျာ၊ ရေး - စိန်လှမြိုင်၊ ဆို - ကိုလေးမြင့် ၊ တွံတေးသိန်းတန်)
ဒေါက်တာတင့်ဆွေ





Comments
Post a Comment