(ဆောင်းတွင်းကာလ ချမ်းချမ်းစီးစီး အိုက်နေသူများသို့)
ကွန်မင့်တခု = အိုက်လိုလဲ ဟုတ်သေးဘူးလေ
ပြန်စာ
အိုက် = (စိတ်အကြံ) အကျပ်အတည်းတွေ့သည်။
ဘာလုပ်ရမှန်းမသိလို့ အကြံအိုက်နေတာပေါ့။ ဂွမ်းပုံ။ ၁၅၄။
အိုက်စပ်ပူလောင်။
အိုက်ရွာ၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအုပ်စု။
ငါးအိုက်ငါးမှာ ဆောင်းရာသီတွင်တွေ့ရများတဲ့ ငါးတမျိုးဖြစ်ပြီး ကရင်ပြည်နယ်ရှိ အင်းချောင်းများတွင် ယခုလို အချိန်ရာသီတွင် ပေါပေါများများ ရမိနေကြပါပြီ။
အိုက်ခန့် ( ဟိုပုံး )
အိုက်တယ် (ယုန်လေး)
အိုက်၊ အာ့၊ အာလာ
အသံထွက်နှင့် စာရေးနည်း (အိုက်၊ အာ့၊ အာလာ)
၁။ ဆရာရှင့် အိုက်ဆေးကို တခြားမြို့မှာသွားဝယ်တာရလာတယ်။
၂။ အာ့တွေက စာလုံးပေါင်း အမှန်ကို ပြောတာလားဆရာ။
၃။ ဆရာရှင့် အသက်က ၂၂ ပါ ရာသီရက်မမှန်လို့ပါရှင့် အိုက်တုံးကလဲရက်ကျော်လို့
၄။ သမီး ကလေး ၁နှစ်ပြည့်တဲ့အချိန်မှာ ၅နှစ်ခံထည့်ထားပါတယ် အာလာထုတ်ပြီးကတည်းက ကိုယ်ဝန်မရတာ ဘာကြောင့်ပါလဲ
၅။ အာ့ဆေးက ဘာအတွက်သောက်ရတာပါလဲဆရာ ဖြေကြားပေးပါခင်မျာ
၆။ အာ့နောက်ပိုင်း မသောက်ဖြစ်တော့ပါဘူးဆရာ
အာ့ ဆိုတာ မရှိပါ။ အ၊ အာ၊ အား သာရှိတယ်။ အိုက်ဆိုတာ ပူအိုက်သည်၊ အိုက်စပ်စပ်၊ အိုက်စပ်ပူလောင်။
အဲတာလို့ ရေးရပါမယ်။ အဲဒါလို့ထွက်တယ်။ အဲဒါလို့လည်းရေးကြတယ်။ ထိုဟာ၊ ၎င်း၊ ယင်း၊ အနှီ၊ လို့လည်း ရေးနိုင်တယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲဒီဟာ၊ အဲသည်ဟာ၊ အဲဟာလို့လည်း ပြောကြတယ်။ အဲ့ မသင့်။ အာ့ မသင့်ပါ။ အိုက် မှားကိုမှားတယ်။ အာလာ မမှန်။
ဖဆပလ ခေတ်က ဘိုလိုအတော်ပြောကြတယ်။ ညှပ်ပြောကြတာ။ 'အိုင်ဆေး' ဆိုတာ ငါပြောမယ်။ ကျွန်တော် ကျမပြောမယ်။
အဲ
အဲခိုး = အားထုတ်သည်
အဲချင်း
အဲဗျာ
အဲမွန်တရာ
အဲမွန်ဒယာ
အဲမောင်း = လှံရှည်
အဲ့
အသံအဲ့သည်
အဲ့တဲ့တဲ့နေသည်
အဲ့တဲ့တဲ့နံသည်
အဲ့အဲ့ = ရွံစရာ
အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး
ဒါ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါသ = ကာလီဒါသ
ဒါနောရက္ခိုသ်
အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး
အာ
ကျီးအာသီး၊
အာကြမ်းနှုတ်ကြမ်း၊
အာခေါင်၊
အာဂန္တုဧည့်သည်၊
အာဂုံဆောင်၊
အာစလျှာစ၊
အာဇာနည်၊
အာနန္ဒာ၊
အာနုဘော်၊
အာပတ်ဖြေ၊
အာပူမှုတ်၊
အာမဘန္တေ၊
အာယုကပ်၊
အာရုံကြော၊
အာလိမ်ငါးဆင့်၊
အာဟာရ၊
ဒီ
ဒီကျ ဒီတက်
ဒီကရီချသည်
ဒီဃတာလ
ဒီဃနိကာယ်
ဒီဃာယုက
ဒီဃာဝု
ဒီဇင်္ဘာလ
ဒီပယင်း၊ ဒီပဲယင်း၊ ဒီပဲ့ယင်းမြို့ (မွန်-မြန်မာ ကပြားအသုံး၊ ဒီ = ရေ၊ ပဲ့ =ဆိတ်၊ ယင်း = တော)
ဒီပရာဇ်
ဒီပဝင်ကျမ်း
ဒီပိုးကောင်
ဒီရေ
ဒီလီပဆာမင်း
ဒီလီမြို့၊ ဒေလီမြို့
ဒီလုံးကာတွန်း
ဒီလုံးခင်းသည်
ဒီလုံးငှက်
အချိန်ဒီကရီ
သည်
ကချေသည်
ကုန်သည်
ကုန်သည်
ဈေးသည်
လက်သည်
လာသွားသည်
သည်ကိစ္စ
သည်ထန်မင်း
သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = သည်ဟောင်း = မယား-လင်
သည်ပိုးရွက်ဆောင်သည်
သည်မိုး
သည်ရင် = ဆွေးသည်၊ မယား-လင်
သည်ဝါသံခံ = မင်းစေလုလင်
သည်အမှု
သည်အလုပ်
အဆိုသည်
အပြောသည်
အလုပ်သည်
အသည်ကြီး
အသည်ငယ်
အသည်ငယ်
အသည်ဝန်ကြီး
အသည်အဝါ
ဧည့်သည်
သတ်ပုံကျမ်းမှာမပါလည်း စကားမှာသုံးပါတယ်။ စကားပြောသလိုစာရေးနည်း အတော်ကြီးကို တွင်ကျယ်နေပါပြီ။ ကျွန်တော်တို့ ဆေးကျောင်းသားခေတ်မှာ စာပေတိုက်ပွဲပုံစံဖြစ်ခဲ့တယ်။ စကားဖြစ်ဖြစ် စာဖြစ်ဖြစ် ရွေးသုံးသင့်တယ်။ အပျော်အလွယ်ရေးတာလည်း သင့်မှန်ရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment