(၁)
မုန်တိုင်းကထန်
ရေဆန်ကတသွယ်
မိုးကရွာလိုက်
လေနှင်ခိုက်မို့ကွယ်
ဟေ့ သမ္ဗာန်စီးနေတုံး
ဒါမျိုး မဆိုပါနဲ့ကွာ
မှတ်ရန်
"တသွယ်" သည် "တစ်သွယ်" မဟုတ်။
ပုံအတွက် ကျေးဇူး။
(၂)
တင်းတာရာ ကြယ်နဂါးနှင့်၊ ပုဏ္ဏားတဲ့ တသွယ်။
လိပ်ခေါင်း ဟန်ချီလို့၊ ရောဟဏီ တဖုံတင့်၊ လွမ်းချင့်စဘွယ်။
ဝိသာခါ ပုဏ္ဏဖုသ်နှင့် ဗျိုင်းရုပ်ကယ် ဟင်္သာနယ်၊ တာရာငယ် တပြေး။
ဗာဟီရ လမ်းဆီသို့၊ တူထွက်ဝင် ကိုယ်စီစံကြတယ်၊ ငါနန်ရန် တပုံကြုံလို့၊ လွမ်းဟုန်နှင့်ဆွေး။ ။
ဦးကြင်ဥ ရေးပါတယ်။ တသွယ်၊ တဖုံတင့်၊ တပြေးနဲ့ တပုံကြုံလို့တွေမှာ စသတ်မပါ။
"တသွယ်" သည် "တစ်သွယ်" မဟုတ်။
(၃)
စာပန်းရဂုံ
ရွှေနားတော်သွင်း
မေတ္တာ အနန္တ ဗလဝနှင့်
အားကျမခံ
ရှိသမျှအူသဲပါလှန်၍
စာတတန် ပေတသွယ်
နာနာနှံလို့ တွယ်လိုက်မယ်
အို - ကျောင်းကြီးဓိပတိ
ကဝိတဆူ ပါရဂူမြောက်
မင်းပေါက်စိုးဝင်
ငါ့ရှင်ဆရာ ထွတ်ဖုန်းချာ (အောင်သျှန်)
"တသွယ်" သည် "တစ်သွယ်" မဟုတ်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment