၁။ စမုန့်စပါးလား စမိတ်လား မသေချာပေမဲ့ ဟင်းအိုးထဲတော့ ရောက်သွားပြီ
စမြိတ်စမြိတ်လို့ ခေါ်ပါတယ်။ စမြိတ်နဲ့ စမုန်စပါး မတူပါ။
၂။ စမြိတ်နံနံ ဆံမြိတ်လို့ခေါ်ကြပါတယ်ရှင်။
Bouquet Dill (Anethum graveolens) စမြိတ်နံနံပင်လို့ ခေါ်ပါတယ်။
ဆံမြိတ်ဆိုတာက ဆံပင်နဲ့ဆိုင်တယ်။
စမြိတ်နံနံ
စမြိတ်ပင်
ပုံ (၁) စမြိတ်နံနံ
ပုံ (၂) စမုန်းစပါး
စမြိတ်နံနံနှင့် ဟင်းခတ်မွှေးကြိုင်များ
ဆောင်းရာသီမှာ ပိုပေါတဲ့ စမြိတ်အကြောင်းလေးတွေကို ပုံနဲ့အတူတင်ကြတယ်။ စမြိတ်ကိုတော့ မှန်အောင်ရေးတတ်သူ ရှားတယ်။
တင်ထားတာတခု စမွတ်ကြော်ဆို ရေစပ်စပ်လေးနဲ့ အမြစ်တွေကောထည့်လိုက်ရမှ မုံညှင်းအချဉ်ရည်ဆိုသည်မှာလည်း စမွတ်လေးခတ်လိုက်မှ အရသာပိုရှိသွားပါကြောင်း
စမြိတ်နံနံပင်လို့ ခေါ်တယ်။
ချဉ်ပေါင် လယ်ကန်ဇွန်းရွတ် မျှစ် စမိတ် ...
ရာသီဥတုသာယာတော့ စမိတ်ပင်တွေဖျာနေရောပဲ ...
သူကအငွေ့ အခုကြည့်တော့စမိတ်စမိတ်နံ့လေးမွှေးနေတာပဲ
ရိုးရာ ဟင်းပေါင်း ( မုန်ညှင်းပေါင်း ၊ နံနံပေါင်း၊) အသုတ်မျိုးစုံ( နရွဲရွက် ဧကရစ်ရွက်၊ စမိတ်ရွက် ၊ ညောင်ချဉ်ဖူး၊
ခရမ်းသီးရခိုင်ချက်စမိတ်မွှေးမွှေးချက်
စမြိတ်ရွက်မဟုတ်ပါဘူးနော် နံနံအမျိုးကွဲပါ စမိတ်က အပွင့်ဝါ ပါ ဒီနံနံကအပွင့်ပြာပါ ရွာမှာနှစ်မျိုးလုံးစိုက်တယ် နှစ်မျိုးလုံးကြိုက်တယ်။ တောင်ယာမှာပဲရှိတယ်။ နံနံပင်နဲ့တူပြီး နံနံထက်အနံ့မွှေးပြီး ပြင်းတယ်
နံနံပင် အမျိုးမျိုး
စမြိတ်နံနံ Asian celery
စမြိတ်နံနံ Chinese celery
စမြိတ်နံနံ Indian Dill
တရုတ်နံနံ Celery parsley
ဗမာနံနံ Coriander / Cilantro
ရှမ်းနံနံ ( သင်္ဘောနံနံ) Eryngium foetidum
ရှမ်းနံနံ Shan coriander
Parsley, or garden parsley (Petroselinum crispum) ဥယျာဉ်ခြံနံနံပင်။ အပွင့်လည်းပွင့်တယ်။
ဟင်းခတ်မွှေးကြိုင် အခေါ်အဝေါ်များ
ကြက်သွန်မြိတ် Onion Spring
ကလဝေးရွက် Bay leaf
ဂျူးဖူး Chives
ငရုတ်ကောင်းမှုန့် pepper (Black/ White)
စပါးလင် Lemon grass
စမုန်စပါးစေ့ Fennel seed
ဇာဒိပ္ဖိုလ်သီး Nutmeg
ဇာပွင့် Javitri
ဇီယာ Cumin
တရုတ်ကြက်သွန်မြိတ် Leek
တရုပ်နံနံ Parsley
တရုပ်နံနံကြီး Celery
နံနံပင် Coriander leaf (Cilantro)
နာနတ်ပွင့် Star nut / Star of aniseed
ပင်စိမ်း Basil
ပင်စိမ်းတမျိုး Catnip
ပင်စိမ်းတမျိုး Peppermint
ပတဲကော Galangal
ပျဉ်းတော်သိမ်ရွက် Curry leaf
ပူစီနံ Mint
ပူဒီနာ Pudina
ဖာလာစေ့ Cardamon
ဘိန်းစေ့ Poppy Seed
လေးညှင်းပွင့် Clove
သစ်ဂျပိုးခေါက် Cinnamon Bark
ထပ်မံစိစစ်ပါဦးမည်။
စမုန်စပါး (ဝီကီပီးဒီးယား)
ပုံသဏ္ဌာန် : အပင် အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ ပေခန့် ထိ မြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါသည်။ ရိုးတံမှ အကိုင်း အခက် ကလေးများ ထွက်၏။ အရွက် အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏။ မွှေးကြိုင်သော အနံ့ရှိသည်။ အပွင့် သေးငယ်၍ အဝါရောင်ရှိသည်။ ထီးပုံသဏ္ဌာန် ပန်းခိုင် တွင်ပွင့်၏။ အသီး အနှံကလေးများသဖွယ် အသီးကလေးများ စုပြုံသီးကြသည်။ ဥသဏ္ဌာန်ရှိ၏။ အစေ့သည် စိမ်း၍ ကြာသော် ဝါသွား၏။ အစေ့မွှေးကြိုင်သော အနံ့ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။ အပူပိုင်း ဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။ အအေးပိုင်းဒေသတွင်နှစ်ရှည်ခံပင်ဖြစ်သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။
အစေ့
စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏။
စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏။
အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏။
ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း၏။
စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။
အရွက်
အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ်၊ ဆီးအောင့် ပျောက်၍ ဆီးကောင်းစေသည်။
ဗမာနံနံ ရှမ်းနံနံ တရုပ်နံနံ စမြိတ်နံနံ ပူစီနံ ဗမာပင်စိမ်း ထိုင်းပင်စိမ်း https://burmese-spelling.blogspot.com/.../blog-post_30.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment