ဤစကားလုံးကို ပိုင်သဂိုရပ်စ်အမည်ဖြင့် အညွှန်းပြုကြပြီး၊ လူတယောက်၏ ပညာရှိခြင်း သို့မဟုတ် မိုက်မဲခြင်းကို သူ၏ ပြောဆိုဆက်ဆံပုံက ဖော်ထုတ်ပြသနေသည်ဟု အလေးပေးဆိုလိုခြင်းဖြစ်သည်။
ရူးသွပ်သူသည် အလွန်အကျွံ၊ အလျင်အမြန်၊ အတွေးမရှိဘဲ ပြောဆိုခြင်းကြောင့် သူ၏ မိုက်မဲမှုကို ကိုယ်တိုင် ဖော်ပြနေတတ်သည်။ ပညာရှိသူသည်တော့ တိတ်ဆိတ်နိုင်စွမ်းကို အသုံးချပြီး ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ နားထောင်နိုင်ခြင်းနှင့် နက်ရှိုင်းသည့် အတွေးအခေါ်ကို ကိုယ်စားပြုစေသည်။
ရူးမိုက်သူကို စကားပြောခြင်းဖြင့် သိနိုင်သည်
အကြံအစည်မစဉ်းစားဘဲ ပြောဆိုခြင်း၊ ကိုယ့်ကိုယ်ကို ချီးမြှောက်ပြောဆိုခြင်း၊ မလိုအပ်ဘဲ စကားများများ ပြောခြင်းတို့ကြောင့် အမြော်အမြင်မရှိမှု၊ အာရုံမစိုက်နိုင်မှု၊ မာနကြီးမှုတို့ကို မိုက်သူများက ကိုယ်တိုင် ဖော်ထုတ်ပြသတတ်ကြောင်း ဆိုလိုပါသည်။
ပညာရှိကို တိတ်ဆိတ်ခြင်းဖြင့် သိနိုင်သည်
ဤအချက်မှာ ကိုယ်ထိန်းချုပ်နိုင်မှု၊ စောင့်ဆိုင်းနိုင်မှု၊ နားထောင်တတ်မှုတို့မှတဆင့် ပညာရှိခြင်းကို ပြသနိုင်ကြောင်း အညွှန်းပြုပါသည်။ တိတ်ဆိတ်နိုင်ခြင်းသည် အတွင်းစိတ်အားကောင်းမှု၏ လက္ခဏာတခုဖြစ်ပြီး၊ အမှန်တကယ် ပြောရမည့်အချိန်ရောက်လာသောအခါ အဓိပ္ပါယ်ရှိပြီး အကျိုးသက်ရောက်မှုရှိသော စကားကိုသာ ပြောဆိုနိုင်စေပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment