ကွန်မင့်တခု = ဆရာ့စာကို ဖတ်ရတာ ငြီးငွေ့လာပါတယ်ဆရာ ဒါတွေ ရေးနေမဲ့အစား ဆရာဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးပုံရိပ်တွေ မနေ့ကမှ ကွယ်လွန်သွားတဲ့ ဆရာဦးစိန်ဝင်းနဲ့ အမျိုးသားညွန့်ပေါင်းအစိုးရမှာ ဝန်ကြီးတဦးအနေနဲ့ နိုင်ငံတကာ အတွေ့ကြုံတွေကို တင်ပြပေးပါလား
ဒါက နောက်တမျိုး။ ဒါများကိုလည်း ခဏခဏရပါတယ်။
၃-၄ ခါလောက်တော့ တင်ပြထားပြီးပြီ။
NCGUB အကြောင်းအပါအဝင် နိုင်ငံရေးစာတွေ အရေအတွက် ရာဂဏန်းမနည်းတော့ပါ။
၁။ ကျွန်တော် နိုင်ငံရေးစာတွေက စပြီး ရေးပါတယ်။
၂။ ဒုတိယဘာသာရပ်က ဆေးပညာစာ။
၃။ တတိယအနေနဲ့ မြန်မာစာ၊ သုတ စတဲ့စာတွေကို ရေးပါတယ်။
ဆေးပညာစာကိုသာ သိလိုသူတွေ မျက်စိမနောက်အောင် Blog ကို ၂ ခုခွဲရေးပါတယ်။
တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/
Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/
ဖေ့စ်ဘွတ်ကတော့ ခွဲလို့မရပါ။ ဟင်းလေးအိုးလို့ ခေါ်မလား၊ အမှိုက်ပုံလား။
ကွန်မင့် ရေးသူခင်ဗျား
ကိုယ်မမြင်လို၊ မဖတ်လိုတဲ့ အကောင့်ကို ဘလော့ထားလိုက်ရင် ပြီးတာဘဲ မဟုတ်ပါလား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment