ဖွတ် နဲ့ ဖွပ် သတ်ပုံကိုပါ ပြင်ပါမည်။
ဖွတ်
ဖွတ်သတ္တဝါ
ဖွတ်ကျား
ဖွတ်ချေးမြေ
ဖွတ်စအိုနာ
ဖွတ်ဖွတ်ကြေ
ဖွတ်မြီးထိုး
ဖွတ်သိုနာ
ဖွတ်ဥကျည်
ဖွပ်
ပျားဖွပ်
ဆန်ဖွပ်
ဖွပ်နရားမြက်
ဖွပ်လျှော်
ပျားဖွပ် သားထိုး မယားခိုး (သော်က - အရိုင်းပါဝင်သော)
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဘိုးအို
ဟောကြည့်ပဆို
ဆန်ရင်း နာနာဖွပ် = ဆန်ကွဲ ဆန်နုပ် ဖြစ်သွားသော ဆန်သည် ဖွပ်စရာမလို၊ ဆန်ရင်းကိုသာလျှင် ဖြူသည်ထက်ဖြူအောင် နာနာဖွပ်ရသကဲ့သို့ ဆုံးမစရာရှိလျှင် ရင်းနှီးပြီး ကောင်းဖို့အလားအလာရှိသူကို ဖိ၍ဆုံးမသည်။
တဦးတယောက်အား အလွန်အားနည်း၍ အထိအနာလွယ်၊ ခံနိုင်ရည်နည်းသူ ဟု ညှိနှိုင်းပြောဆိုရာတွင် သုံးကြသည့် စကားဖြစ်သည်။
စကားလုံးခွဲရှင်းလင်းခြင်း
• ဆန်ရင်းသား – ဆန်ကို ရင်းပြီး သန့်စင်ထားသော အလွန်နူးညံ့သည့် အစိတ်အပိုင်းကို ရည်ညွှန်းသည်။
• နာနာဖွတ် – နာကျင်လွယ်၊ ထိခိုက်လွယ်၊ ခံနိုင်ရည်မရှိသည့် သဘောကို ဆိုလိုသည်။
ထိုစကားစုသည်
“အနည်းငယ် ထိခိုက်ရုံနဲ့တောင် အလွန်နာကျင်သကဲ့သို့ ဖြစ်တတ်သူ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ကိုယ်ပိုင်းဆိုင်ရာဖြစ်စေ ခံနိုင်ရည်နည်းသူ”
ဟု အဓိပ္ပါယ်ရသည်။
တခါတရံ အလွန်အမင်း စိတ်ပူတတ်သူ အလွန်နူးညံ့၍ ထိခိုက်လွယ်သူကိုလည်း ဟာသသဘောဖြင့် ခေါ်ကြသည်။
၁။ သူက ဆန်ရင်းသားနာနာဖွတ်မို့ စကားခပ်ကြမ်းကြမ်းနည်းနည်း ပြောလိုက်ရုံနဲ့ စိတ်မကောင်းဖြစ်သွားတတ်တယ်။
၂။ ကလေးက ဆန်ရင်းသားနာနာဖွတ်လို့ ဆေးထိုးမယ်ဆိုရင် မျက်ရည်ချောင်းချောင်းကျတတ်တယ်။
၃။ အဲ့ဒီလူက ဆန်ရင်းသားနာနာဖွတ်ဆိုတော့ အလုပ်ဖိအားနည်းနည်းရှိတာနဲ့ပဲ အရမ်းစိတ်ပင်ပန်းသွားတတ်တယ်။
၄။ မင်းကို ဆန်ရင်းသားနာနာဖွတ်လို မဖြစ်စေချင်ဘူး၊ ခံနိုင်ရည်လေး တိုးစေပါ။
၅။ သူမက ဆန်ရင်းသားနာနာဖွတ်ဖြစ်ပေမဲ့ စိတ်ကောင်းစိတ်သန့်ရှိတဲ့ လူကောင်းတယောက်ပါ။
"ဆန်ရင်း နာနာဖွပ်ဟူသကဲ့သို့ ကိုယ့်တပည့်ဖြစ်ဖူးသော မောင်သက်တင် နှလုံးလှဖို့ရာ် ဆုံးမစာပုဒ် လျင်ခုပ်တောက်တပို စပ်ဆိုတော်မူသည်မှာလည်း..." [၁၂၈၇] တိုးတက်ရေး၊ ၂၁။ ၅။
"ဆန်ရင်းကို နာနာဖွပ်ရတယ်ဆိုတဲ့ စကားလို ကျွန်တော်တို့ထဲက ဖောက်ပြန်လာရင်တော့ သူများတကာတွေထက် ပိုပြီး ရက်ရက်စက်စက် ဆုံးမရလိမ့်မယ်။" [၁၃၁၅] ပြည်သား၊ ၃၊ ၉၅။ ၃။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment