Skip to main content

ရေးတော့အမှန် ဖတ်တော့အသံ


၁။ ဆရာခင်ဗျာ မြန်မာစာမှာ ရေးတော့အမှန် ဖတ်တော့အသံ ဆိုသည့်​အတိုင်း အစ်ကို (အကို)လို့ ​ ရေးရာမှာ စသတ်ပါပြီး၊ အစ်မ (အမ)​​လို့ ရေးရာကြတော့ကော စသတ် ပါ​သေးသလား ခင်ဗျာ၊ အချိန်ရရင် ဖြေပေးစေချင်ပါတယ် ခင်ဗျာ။ 

ရေးချင်ရာရေး၊ အသံလည်းထွက်ချင်ရာထွက်ပြီး ရေးတော့အမှန် ဖတ်တော့အသံထုံးကို တလွဲသုံးနေကြသူတွေ များတယ်။

၂။ အမ နဲ့အစ်မ ဘယ်ဟာအမှန်လဲ သိချင်လို့ပါ။

၂ မျိုးလုံး ရေးကြတယ်။

ဒါပေမဲ့

အမေ၊ အဖေသာရှိလို့ အမ က ပိုသင့်မှန်။

အကိုကလည်း အစ်ကိုထက် သင့်မှန်သည်။

အစ်ဒေါ်လည်း မရှိပါ။

အစ်ရီးလည်း မရှိပါ။

အစ်မျိုးလည်း မရှိပါ။

အမကြီးတော့ အမိအရာ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)

အကို - အသံထွက် - အကို

အစ်ကို - အသံထွက် - အကို

အစ်မ အသံထွက် - အမာ့

အလှူ့အမ 

အထီးအမ

ကျောင်းအမ

ဘုရားအမ

အမ = ဆန့်ကျင်ဘက်နှစ်ခုတစုံရှိသောအရာမျိုး၌အဖိုဘက်မဟုတ်သောအရာ။ စည်၏အကြီးဘက်မျက်နှာကို အမဘက်မျက်နှာ၊ အငယ်မျက်နှာကိုကား အဖိုဘက်မျက်နှာဟုခေါ်သည်။ လုပ်သား။ (၅-၃-၆၅။)

"တုံးကျော်မ"

နန်းတော်ရှေ့ဆရာတင်

လေဘာတီမမြရင်

အကိုတို့ရဲ့ မေတ္တာ မမတို့ကချစ်တာ စေတနာက ထူးတာ

အားပြိုင် အဝေရာညွှန်းပြုပါလို့ မြတ်ပရမေကို အပ်ပါသည်

ကျွန်မ မသေပါဘူးရှင့် သဗ္ဗေသတ္တာကိုရည်

ရေးတော့အမှား ဖတ်ကားတလွဲ https://burmese-spelling.blogspot.com/.../blog-post_722.html

ရေးတော့အမှန် ဖတ်တော့အသံထုံး တလွဲသုံးခြင်းတွေရှိတယ် https://burmese-spelling.blogspot.com/.../blog-post_665.html

စကားပြောသလို စာရေးနည်း https://burmese-spelling.blogspot.com/.../blog-post_191.html

ရေးတော့အမှန် ဖတ်တော့အသံ (၁) https://burmese-spelling.blogspot.com/.../blog-post_913.html

ရေးတော့ အမှန် ဖတ်တော့ အသံ (၂) https://burmese-spelling.blogspot.com/.../blog-post_309.html

ရေးတော့အမှန် ဖတ်တော့အသံ (၃) https://burmese-spelling.blogspot.com/.../blog-post_366.html

မြန်မာစာနဲ့ စကားမှာ ထူးခြားတာတွေ များတယ် https://burmese-spelling.blogspot.com/.../blog-post_658.html

အရေး နှင့် အသံထွက် https://burmese-spelling.blogspot.com/.../blog-post_106.html

အသံထွက်တို့၏ ထူးခြားချက်များ https://burmese-spelling.blogspot.com/.../blog-post_998.html

အစ်ကို အကို အစ်မ အမ https://burmese-spelling.blogspot.com/.../blog-post_31.html

အဖေ အမေ အကို အမ https://burmese-spelling.blogspot.com/.../blog-post_226.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...