မက်ဆေ့ချ်တခု = တက် နှင့် တတ် တောင်မခွဲခြားနိုင်တဲ့ ရင်လေးစရာပညာရေးပါ ဆရာ
ဟုတ်။ ကျေးဇူး။
- ဆိုင်းဘုတ်ပေါ်က ပညာရေး
- ဆိုင်းဘုတ်ပေါ်က နိုင်ငံရေး
- ဆိုင်းဘုတ်ပေါ်က တိုင်းပြည်အကြောင်း
ပျူခေတ်၊ ပုဂံခေတ်အကြောင်း ကျောက်စာတွေကို လိုက်ရှာကြရတယ်။
အင်းဝခေတ်၊ တောင်ငူခေတ်ရဲ့ စာပေအကြောင်း ပေစာကိုလေ့လာရတယ်။
မြန်မာ့ပညာရေးကို ဆိုင်းဘုတ်စိမ်းတွေကဖေါ်ပြနေတယ်။
မြန်မာ့ဆိုရှယ်လစ်ကို ဆိုင်းဘုတ်အပြာနုရောင်တွေက ဖေါ်ပြခဲ့တယ်။
စစ်အာဏာရှင်ဒုတိယမျိုးဆက်ကို ဆိုင်းဘုတ်နီတွေက ဖေါ်ပြခဲ့တယ်။
ဆိုင်းဘုတ်ပါစာတွေကိုတော့ ပြောင်းပြန်ယူရတယ်။
ဥပမာ
တိုးတက် = ဆုတ်ယုတ်
အောင်မြင် = ကျရှုံး
ရန်သူ = မိတ်ဆွေ
တည်ဆောက် = ဖျက်ဆီး
ဒေါက်တာတင့်ဆွေ
Comments
Post a Comment