Skip to main content

ကျွန်တော် ကျမ (၂)


၁။ ကျွန်တော် နဲ့ ကျနော် ကိုရှင်းပြပေးပါဆရာ

၂။ ကျွန်တော် နဲ့ ကျနော် ဘယ်ဟာအမှန်လဲခင်ဗျ။

ကျွန်တော် နဲ့ ကျနော် နှစ်ခုလုံး မှန်။ ကျွန်မလည်း မှန်တယ်။

ကျတော် မမှန်ပါ။

ကျယ်မ မမှန်ပါ။

ဘုရင်တွေလက်ကထက်ကတည်းက ‘ကျွန်’ ကနေ စခဲ့တယ်။ ဘုရားတွေတည်ပြီး ‘ကျွန်’ တွေ လှူတယ်။ ‘ဘုရားကျွန်’ လို့ ခေါ်တယ်။ ပုဂံခေတ်ကနေ တောင်ငူမင်းဆက် သာလွန်မင်း တည်ထားတဲ့ ကောင်းမှုတော်စေတီအထိလို့ မှတ်သားရပါတယ်။ 

ပုဂံခေတ်မှာ ဘုရားကျွန်၊ကျောင်းကျွန်၊ ပိဋကတ်ကျွန်ဟူ၍သုံးမျိုးသုံးစားကွဲပြားကြသည်။ အဆင့်နိမ့်သောလူတန်းစားအဖြစ် သတ်မှတ်ခံခဲ့ကြရတယ်။

လွတ်လပ်ရေးရပြီး ဘုရားကျွန်စနစ်ကို အဆင့်ဆင့်ကြိုးပမ်းပြီး ဖျက်သိမ်းလိုက်တယ်။ ဘုရားကျွန်များ၏ ပုံရိပ်ကို ပြန်လည်ထူထောင်ရန် အားထုတ်မှုများရှိခဲ့ကြောင်း ၁၉၄၈ ခုနှစ်မှာ ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံ၏ ပထမဆုံးသမတစဝ်ရွှေသိုက်ရဲ့ မိန့်ခွန်းတခုအရ သိရပါတယ်။ ၁၉၅၅ ခုနှစ်မှာ လူမှုဖူလုံရေး ဝန်ကြီး ဦးဘစောက ဦးဆောင်ပြီး ဘုရားကျွန်များလွတ်မြောက်ရေးနှင့် ချေးငွေများ ထုတ်ပေးခြင်း၊ ထောက်ပံ့ကြေး ပေးခြင်း၊ တခြားသော အသက်မွေး ဝမ်းကျောင်းမှုများ လုပ်ကိုင်နိုင်ရေးအတွက် လေ့ကျင့်သင်တန်းပေးခြင်းများဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ညီလာခံတခု ပြုလုပ်ခဲ့တယ်။ ဗျူရိုကရေစီ ကြိုးနီစနစ်နဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် အစီအစဉ်များက ထိရောက်ခြင်း မရှိခဲ့သေးပါ။

‘ကျွန်တော်မျိုး’၊ ‘ဘုရားကျွန်တော်မျိုး’၊ ‘ကျွန်တော်မျိုးမ’ အသုံးတွေကို ဇာတ်သဘင်မှာ တွေ့ရတယ်။

‘ကျွန်တော်' အသုံး ဘယ်ကာလမှာစခဲ့သလဲ အတိအကျတော့ မသိသေးပါ။ 

လွတ်လပ်ရေးကြိုပမ်းမှုကာလမှာလည်း ‘ကျွန်တော်’၊ ‘ကျွန်မ’ အသုံး ရှိခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက် ထွန်းကားလာတဲ့ မြန်မာစာပေမှာ နေရာရလာပြီး လူအများက သုံးစွဲရေးသားလာကြပါတယ်။

ကိုလိုနီမျက်နှာဖြူတွေကို ‘သခင်ကြီး’ လို့ ရွှေဗမာတွေကဘဲ အမည်ပေးတာ။ အင်္ဂလိပ်တွေက “မင်းတို့ တို့ကို အဲလိုခေါ်ကြ” လို့ မခိုင်းပါ။ 

ရွှေဗမာတွေကဘဲ ကိုယ့်ကိုယ်ကို ‘ကျွန်’ လို့ သုံးတာ။ အမှန်က ‘ကိုလိုနီ’ ဆိုတာ ‘အာဖရိကငွေဝယ်ကျွန်စနစ်’ နဲ့ မတူပါ။

အခုခေတ် မျိုးချစ်သမားတွေက “ကျွန်စနစ်ကိုမုန်းလို့ ‘ကျွန်တော်’ လို့ မရေးချင်ဘူး” လုပ်လာတယ်။ ဆီလျှော်ခြင်း မရှိပါ။ 

ကိုလိုနီစနစ်ကို မနှစ်သက်ကြတဲ့ စာပေပညာရှင်တွေကိုယ်တိုင် ‘ကျွန်တော်’ လို့ သုံးကြပါတယ်။ ဥပမာ လူထုဦးလှ။

‘ကျွန်နော်’ လို့ကတော့ ဗန်းမော်တင်အောင်ရေးတာသာ တွေ့ဘူးသေးတယ်။

‘ကျွန်’ စာလုံးမသုံးတာနဲ့တော့ လူကြီးမင်းတို့ဟာ ‘သခင်ကြီး’ မဖြစ်နိုင်သေးပါ။

တဖြည်းဖြည်းနဲ့ ‘ကျွန်တော်’ နဲ့ ‘ကျွန်နော်’ လို့ရေးလာကြပြီး၊ စကားအရာမှာ 'ကျနော်' လို့သုံးလာကြတယ်။ 

အထူးသဖြင့် မန္တလေးမှာ မိန်းကလေးတွေကအစ ကနေ့ခေတ်အထိ ‘ကျနော်’ လို့သုံးကြပါတယ်။ 

‘ကျနော်’ နဲ့ ‘ကျမ’ အသုံးတွေက ယဉ်ကျေးပါတယ်။ အခု အသုံးနည်းလာခြင်းဟာ ယဉ်ကျေးမှု နည်းလာတာ။

စကားအဆုံးမှာ ‘ရှင်’၊ ‘ရှင့်’ အစား ‘နော်’ တဲ့။ ယဉ်ကျေးမှု နည်းလာတာ။

‘ညမ’၊ ‘ကျယ်မ’ တွေ ဖြစ်လာတယ်။ ရိုင်းလာတာ။

ယောက်ျားလေးတွေကလည်း ‘ကျတော်’ တဲ့။ မမှန်ပါ။ 

‘ဗျ’၊ ‘ခင်ဗျ’၊ ‘ခင်ဗျာ’ တွေ နည်းလာတာလည်း ရိုင်းလာတာ။

ပြန်လည် ယဉ်ကျေး တည့်မှန်လာပါစေသတည်း။

ကျမ https://burmese-spelling.blogspot.com/2022/08/blog-post_104.html

ကျမကို မုန်းသူများသို့ https://burmese-spelling.blogspot.com/2025/03/blog-post_819.html

ကျွန် ကျွန်ုပ် ကျွန်တော် ကျနော် ကျွန်နော် ကျွန်မ ကျမ သခင်ကြီး သခင်မကြီး ညမ ကျယ်မ https://burmese-spelling.blogspot.com/2024/10/blog-post_353.html

ကျွန်စာလုံးအကြောင်း အဆက် https://burmese-spelling.blogspot.com/2025/04/blog-post_900.html

ကျွန်တော် https://burmese-spelling.blogspot.com/2024/01/blog-post_61.html

ကျွန်တော် https://burmese-spelling.blogspot.com/2025/11/blog-post_87.html

ကျွန်တော် ကျနော် ကျွန်မ ကျမ ကျယ်မ https://burmese-spelling.blogspot.com/2025/02/blog-post_914.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...