- မင်္ဂလာပါ ဆရာ ခင်ဗျ Blog ထဲ ရှာနေတာ မတွေ့လို့ နားမလည်တာလေးတွေ မေးပါရစေ ဦးဇင်းလား ဦးပဉ္ဇင်းလား ဆရာခင်ဗျ အဲ့ဒါလေးတွေ အမှန် သိပါရစေ။
- ဒကာကြီး ဦးတင့်ဆွေခင်ဗျား ဦးဇင်း သိလို၍ မေးအပ်ပါသည်။
(ကူးယူတင်ပြခြင်းဖြစ်ပါသည်။)
(၁)
ဦးပဉ္ဇင်း = ရိုးရိုးပုထုဇဉ်ဘုန်းကြီးတွေကို ရဟန်းလို့ခေါ်တယ်။ ရဟန်းအဖြစ်ခံယူတဲ့အခါ အင်္ဂါငါးပါးအချက်အလက်ငါးခုနဲ့ ပြည့်စုံရတယ်။ အဲဒီအင်္ဂါငါးပါးကို ပါဠိလို ပဉ္စင်္ဂလို့ခေါ်တယ်။ မဂ္ဂင်္ဂက မဂ္ဂင်ဖြစ်လာသလို ပဉ္စင်္ဂက ပဉ္စင်းလို့ မြန်မာဝေါဟာရ ဖြစ်လာတယ်။ လေးစားမှုနဲ့ ရှေ့က (ဦး) ထည့်လိုက်တော့ ဦးပဉ္စင်းဖြစ်လာတယ်။
(၂)
ဦးဇင်းလို့ အမည်ဝေါဟာရဖြစ်လာသည်မှာ လူဝတ်ကြောင် အဖြစ်ကနေ (သို့) သာမဏေအဖြစ်ကနေ ရဟန်းအဖြစ် ခံယူလိုသူဟာအကြောင်း အချက်အလက်ငါးမျိုး ပြည့်စုံမှ ရဟန်းအဖြစ်ခံယူခွင့်ရှိပါတယ်။
ဦးဇင်း အမည်ဟာ အဲ့ဒီ(ပဉ္စင်္ဂ)ဆိုတဲ့ ပါဠိကနေ ပါဠိသက်စကား(ပဉ္စင်း) ဖြစ်လာ။ ပဉ္စင်းကနေ အလေး ဂရု ပြုတဲ့ မြန်မာစာလုံး (ဦး)ထည့်ခေါ်တော့ ဦးပဉ္စင်းဖြစ်လာ။
ဥ ဦး ဥုး ဥူး အုံး အူး https://burmese-spelling.blogspot.com/2022/08/blog-post_87.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment