Skip to main content

တာ သာ အဲဒါမှ

(သွားတာလာတာ နေတာထိုင်တာ စိတ်ကမပါဘူး)

၁။ တာ နဲ့ သာ ယ်ဟာအမှန်လည်း သိချင်လို့ပါ ဆရာ

၂။ မင်္ဂလာပါဆရာ ကျနော် ညီမလေး ကျောတွေ ရင်တွေအောင့်ဒါ(တာ) လေးလလောက်ရှိပီ(ပြီ) ဆရာ ဘာကြောင့်အောင့်ဒါ(တာ)လည်း (လဲ)ဘာရောဂါလက္ခဏာကြောင့် အောင့်ဒါ(တာ)ပါလည်း(လဲ) ဆရာ။

၃။ ဝမ်းတာ သာလိုက်တော့ ဝမ်းသာ သာလိုက်တော့ ဘယ်လိုရေးရင် ပိုအဆင်ပြေလဲ ဆရာ

နှစ်မျိုးလုံးကို နားလည်းနိုင်။ 

၄။ ကွန်မင့်တခု = တာပဲ သို့မဟုတ် ဒါပဲ

(၁)

ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။

ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလှည့်စီလဲ အမြဲနေ။

လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ 

(၂)

သူသွားတာ မသိလိုက်။ 

သူလာတာကို မသိ။ 

စားလို့ကောင်းလိုက်တာ။

စေတနာနဲ့ လုပ်ပေးတာ။

(၃)

သွားတာ လာတာ နေတာ ထိုင်တာ စိတ်ကမပါဘူးရှင် (သီချင်း)

(၄)

ကိုယ်သာတိတ်တိတ်ချစ်စိတ်ဖြေမယ် စန္ဒရားချစ်ဆွေ (ရေး/ဆို)

https://www.youtube.com/watch?v=1XKBX7PGk7s

သူနဲ့သာဆိုရင် တေးဆို - မောင်မောင်သန်း တေးရေး - တက္ကသိုလ်မောင်တင့်နွယ်

သူနဲ့သာဆိုရင် (သော်တာဆွေ)

(၅)

"သွားတာလာတာ နေတာထိုင်တာ စိတ်ကမပါဘူး" ဆိုတဲ့ ခံစားချက်ဟာ စိတ်ဓာတ်ကျခြင်း (Depression)၊ စိတ်ဖိစီးမှုများခြင်း (Stress)၊ Burnout (အလုပ်/ဘဝတွင် ပင်ပန်းနွမ်းလျပြီး စိတ်ဓာတ်ကျခြင်း) သို့မဟုတ် စိတ်ကျန်းမာရေးနှင့်ဆိုင်သော လက္ခဏာများ ဖြစ်နိုင်ပါတယ်။ နေ့စဉ်ဘဝမှာ အဓိပ္ပာယ်မဲ့သလိုခံစားရပြီး ပျော်ရွှင်မှုမရှိတော့တာမျိုးပါ။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများနှင့် အကြံပြုချက်များ

စိတ်ဓာတ်ကျခြင်း (Depression): စိတ်အားငယ်ခြင်း၊ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ အရင်က ဝါသနာပါတာတွေကို စိတ်မဝင်စားတော့ခြင်း။

Burnout (ပင်ပန်းနွမ်းလျခြင်း): အလုပ် (သို့) တာဝန်တွေကြောင့် စိတ်ရောကိုယ်ပါ လွန်ကဲစွာ ပင်ပန်းပြီး ဘာလုပ်လုပ် စိတ်မပါတော့ခြင်း။

စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု (Stress & Anxiety): စိတ်ထဲတွင် အတွေးများလွန်းပြီး ပစ္စုပ္ပန်မှာ မနေနိုင်ဘဲ စိတ်ကအမြဲလှုပ်ရှားနေခြင်း။ 

ဖြေရှင်းရန်နည်းလမ်းများ

အနားယူပါ: ခဏတာ အလုပ်တွေကိုရပ်ပြီး စိတ်အပန်းဖြေပါ။

ဝါသနာပါရာလုပ်ပါ: ကိုယ်နှစ်သက်သည့်အရာများကို အတင်းလုပ်ဆောင်ကြည့်ပါ။

ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ: ခံစားချက်က အချိန်ကြာမြင့်စွာ ဖြစ်နေပါက စိတ်ကျန်းမာရေးဆရာဝန် (သို့) အကြံပေးပညာရှင်နှင့် ပြသတိုင်ပင်ပါ။ 

အဲ့ အော့ အဲ ဒါ တာ https://burmese-spelling.blogspot.com/2022/12/blog-post_600.html

အဲ့ အော့ အဲ ဒါ တာ https://burmese-spelling.blogspot.com/2022/12/blog-post_600.html

အဲတာ အဲဒါ အဲသည် https://burmese-spelling.blogspot.com/2024/12/blog-post_877.html

တယောက်လာ ဒါ https://burmese-spelling.blogspot.com/2022/09/blog-post_466.html

အဲတာ နဲ့ အဲဒါ https://burmese-spelling.blogspot.com/2024/10/blog-post_69.html

ဒါ ဒို့ပြေ ဒါ ဒို့မြေ https://burmese-spelling.blogspot.com/2024/03/blog-post_16.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...