အဲဒါကတော့ ဂွကျတယ်။
မြန်မာလိုအသံထွက်ကို အင်္ဂလိပ်စာလုံးနဲ့ ရေးတဲ့အခါ မြန်မာသံအတိုင်း မရတတ်ပါ။
အစဉ်အလာ ရေးနေခဲ့တာတွေကိုလည် ပြန်ပြင်ရ ခက်တယ်။
Maung မောင်
Aye အေး
U ဦး
Daw ဒေါ်
Oo ဦး
Swe ဆွေ
Shwe ရွှေ
Suu စု
Khin ခင်
San စန်း၊ ဆန်း
အဲဒီစာလုံးတွေကို အင်္ဂလိပ်စကားပြောသူတွေက ကျွန်တော်တို့လို မထွက်ကြပါ။
အလားတူ အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုအသံထွက်ရာမှာလည်း တယောက်တမျိုး။
Car ကား
Director ဒါရိုက်တာ
Doctor ဒေါက်တာ
Phone ဖုန်း
Computer ကွန်ပြူတာ၊ ကွန်ပျူတာ
စတာမျိုးတွေမှာတော့ ထပ်တူနီးပါး အသံထွက်ကြတာ တူတယ်။
Cancer ကင်ဆာ နဲ့ ကင်စာ
Strawberry စထောဘယ်ရီ နဲ့ စတောဘယ်ရီ
Salmon ဆလ်မွန် နဲ့ ဆမ်အန်း
June ဇွန် နဲ့ ဂျူးန်
စတဲ့ စာလုံးတွေကို အမှန်အတိုင်းထွက်ရင် နားလည်လက်ခံသူ မရှိသလောက် ရှားမယ်။
အဲတော့ လူအမည်ကိုလည်း ကိုယ့်သဘောနဲ့ကိုယ် စာလုံးပေါင်းနေကြတယ်။
မေးခွန်းကို အတိအကျ ဖြေလို့ မရပါ။
Myanmar ကို အင်္ဂလိပ်စကားပြောသူတွေက သူတို့လေသံနဲ့သာ ထွက်တတ်ကြတယ်။ ကျွန်တော်အမည်စာလုံးပေါင်းကို ဆွေ လို့အသံမထွက်ကြပါ။
ကျွန်တော်တို့ အင်္ဂလိပ်စာနဲ့ မြန်မာစာက အဲလို။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment