မှတ်ချက်
(၁)
"ရှိမလာတော့ပါဘူး" လို့ ရေးသင့်။
"မရှိလာ" ဆိုတာ အမျိုးသမီးတဦး အမည်လိုလို ထင်စေနိုင်တယ်။
(၂)
ဥ နဲ့ ဉ မှားနေတယ်။
(၃)
"တသင်းတည်း" လို့ ရေးတာ မှန်။ "ကွန်ဂရက်ကျူလေးရှင်း"
(၄)
"နောက်ဆုံ" ကို နားမလည်။ ဆုံဆိုတာ တွေ့ဆုံတာ၊ ပေါင်းဆုံတာ။ ဆိုလိုချက်နဲ့ ပြောင်းပြန်။
"နောက်ဆုတ်" လို့ ရေးလိုတာလို့တော့ ထင်ပါတယ်။
နောက်ဆုတ် = မျက်နှာမူထားသည့်အတိုင်း ကျောဘက်သို့ရွေ့သည်။
မြတ်စွာဘုရား ခြေဖဝါးတော်၌ မြူမှုန့်ကိုနှာမောင်းဖြင့်ယူ၍ ထိပ်တက်ကြဲပြီးသော် ဦးခေါင်းငိုက်ဆိုက်နောက်ဆုတ်ဖဲခဲ့၍။ ဏိကုဏ်။ ၄၄။
ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်
(ဝီကီပီးဒီယားမှာ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုတ် လို့ ထုတ် နဲ့ ထုတ် တင်ထားတာ မှားနေပါသည်။
ရှေ့တိုးနောက်ဆုတ်
"ဦးပုည တေးထပ်"
“ကောက်အလိမ်ပွေ့မှု၊ တို့မေပုတဆူ၊ ကြိုးခက်လို့ ကြိမ်ကူသည်၊ လိမ်တော်မူမဆုံး၊ ငါးမြွေတွန့် လိုက်မမှီတယ်၊ မြစ်နဒီ ဦးခိုက်လို့ ရှုံး။ ခင်လေးတို့လိမ်ပုံမှာ ကြခတ်ချုံတနှုန်း။ ။ ရွှေပန်းတိမ် ဥာဏ်ချိန်သုံးပါတဲ့၊ နော်ဇာကုံးမမှီ။ ပဲလင်းမြွေ စင်တော်ကူးငယ်က၊ ကြင်တော်ဦး သုံးတဲ ဝသီ။ ။ ဆံရှုပ် ဖေဂျီငယ်၊ မုတ်ဆိတ်နီ လိမ်ရှုပ်က၊ နောက်ဆုတ်၍ ဦးတော်တင်၊ဝေးကရှောင်ကြည်။ ။ စာပေါင်းသိုက် ကရွတ်ခင်ငယ်၊ သပွတ်ခင် ခေါ်လောက်ကွဲလေး”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment