Skip to main content

မြမ္မာ/မြန်မာ/ဗမာ

၁။ ဗြမ္မာ/မြမ္မာ/မြန်မာ/ဗမာ ဆိုတာ မှန်ပါသလားဆရာ ပျူကဗမာဆိုတာကရောမှန်ပါသလားရှင့်။

၂။ 'မြမ္မာ' ဆိုတာကရော ဘယ်လို အဓိပ္ပါယ်လဲ ဆရာ။

မြမ္မာလို့ ရေးကြတာတွေရှိပေမဲ့ စံကိုက်စာလုံးပေါင်း မဟုတ်ပါ။

ဗြဟ္မာလို့တော့ ရှိတယ်။

(အင်းဝခေတ် ရွှေယင်မြော် ရှင်ဥက္ကံသမာလာ ဆရာတော်၏ သတ်ပုံအတိုင်း တနင်္ဂနွေမင်းလက်ထက်မှ သီပေါမင်းလက်ထက်တိုင် မြန်မာမင်းအဆက်ဆက် သတ်မှတ်ခဲ့သော အမျိုး၊ ဘာသာ သတ်ပုံမှန်)

"အကြင်လူသည်။ တံ၊ ထိုမင်းကို။ မာနေတိ၊ မြတ်နိုးတတ်သော။ ဣတိတသ္မာ၊ ထိုသို့ အရှင်ကို မြတ်နိုးတတ်သော သတ္တိကြောင့်။ သောဇနော၊ ထိုလူသည်။ မြမ္မာ၊ မြမ္မာမည်၏။ မြမ္မာ၊ မင်းကို မြတ်နိုးတတ်သည်။

ဤဝစနတ္တ၌ မ-သဒ္ဒါသည် ပရိသတ်ကို ဟော၏။ ရာ-သဒ္ဒါသည် (ယူခြင်းအနက်ကို ဟော၏ဟု ဧကက္ခရကောသလမှ လာသောကြောင့် ရှေ့ဝိကပ်၌ မသဒ္ဒုပရာဓာတ် 'မရ' ဟူသော ရုပ်ပြီးကို စီရင်သည်။ နောက်ဝိကပ်၌ မရမာဓာတ် ကြံသည်။ 'မာ' ဓာတ်) သည် မြတ်နိုးခြင်းကို ဟော၏ဟု ကျမ်းကလာသောကြောင့် 'မြမ္မာ' ဟူသော ရုပ်ပြီး စီရင်သည်။

ထိုဝစနတ္တတို့တွင် ရှေ့ဝိကပ်၌ အရကား ၁ပါး၊ ဝတ္ထု ၄ ပါး၊ အား ၅ ပါး၊ ရာဇဓမ္မ ဆယ်ပါး အစရှိသော ကျေးဇူးတို့နှင့် ပြည့်စုံသော သုနာပရန္တတိုင်း တမ္ပဒီပတိုင်း စသော အတိုင်းတိုင်း၌ နေကုန်သော လူအပေါင်းတို့ကို အုပ်စိုးခြင်းငှါ စွမ်းနိုင်သော ဘုန်းတန်ခိုးအာဏာအရှိန် ရှိတော်မူသော အစစွာသော မင်းကို ရ၏။

နောက်ဝိကပ်ကား ထိုမင်းကို ရိုသေလေးမြတ်ပြုရာသော အရှင်စိုးမင်းကို မသွေမဖည် ကြည်သဒ္ဓါ၍ မြဲစွာပြုလေ့ရှိသော အမှု ဝေယျာဝစ္စဟူသော ပုညကိရိယာ ဝတ္ထု ကျေးဇူးနှင့် ပြည်စုံသော ရှေးဦးစွာသော မြမ္မာလူမျိုးကို ရ၏၊ နောက်နောက်သော လူအပေါင်းတို့သည်လည်း ထိုအကျင့်နှင့် ပြည့်စုံသောကြောင့် လည်းကောင်း၊ ထိုသူတို့၏ အမျိုးအနွယ်ဖြစ်သောကြောင့် လည်းကောင်း မြမ္မာ မည်ကု၏။

တနည်းကား

မံသိရိံ ရာတိ ဂဏှာတီတိ မရော၊ တံ မာနေတိ မြမ္မာ။

မံသိရိံ ၊ အသရေကို။ ရာတိ ဂဏှာတီတိ၊ ယူတတ်၏။ ဣတိ၊ ထို့ကြောင့်။ မရော၊ မရ မည်၏။ တံ၊ ထိုဝ်အသရောရှိသသူသည် ။ မာနေတိ၊ မြတ်နိုးတတ်၏။ ဣတိ၊ ထို့ကြောင့်။ မြမ္မာ၊ မြမ္မာမည်၏။ အရကား ဘုန်းပညာနှင့် ပြည်စုံသော သူတော်ကောင်းကို မြတ်နိုးရိုသော ပူဇော်စည်းကပ်တတ်သောသူ၊ ဇနိယပူဇ မင်္ဂလာတရား ပဏ္ဍိတသေဝနာ မင်္ဂလာတရား သပ္ပူရိသူ ပနိဿယ စက္ကသမ္ပတ္တိ အစရှိသော ကျေးဇူးတို့နှင့် ပြည့်စုံသော မြမ္မာလူမျိုးရ၏။

ဤမှ တပါးလည်း အက္ခရာပုဒ်တို့၏ အနက်နှင့် လျော်ညီသော ဓာတ်ပစ္စည်းကို ကြံ၍ ဝိဂြိုဟ် ဝစနတ္တပြုသော် များစွာ ရသင့်သေး၏။

မြမ္မာဘာသာဟူသော စကားကို ဝစနတ္တပြုသော် မြမ္မာနံ ဘာသာ မြမ္မ ဘာသာ - ဟူ၍ ပြုရာ၏။ မြမ္မာနံ၊ မြမ္မာတို့၏ ။ ဘာသာ၊ စကားတည်း။ မြမ္မ ဘာသာ၊ မြမ္မာစကား။

ဤသို့ ဝစနတ္တကြောင့် မြမ္မာလူမျိုးတို့၏ ဝေါဟာရပညတ် ခေါ်ဝေါ် ပြောဆိုအပ်သော စကားမျိုးသည် မြမ္မ ဘာသာမည်၏။

ယင်းတို့ အပင့်အရစ် အသတ်အလတ်တို့ကို ဂရုစိုက်ကြသည်မှာလည်း အခြားကြောင့် မဟုတ်။

"ရေးထုံးအစဉ် ပျက်ယွင်းလျှင် အခေါ်သညာ အမှတ်အသား ပျက်ယွင်းရာသည်။ အခေါ်သညာ အမှတ်အသား ပျက်ယွင်းလျှင်လည်း အနက်အဓိပ္ပါယ် ဝတ္ထုတရားကိုယ် ကွဲလွဲ ဖောက်ပြန်ရာသည်။ အနက်အဓိပ္ပါယ် ဝတ္ထုတရားကိုယ် ကွဲလွဲ ဖောက်ပြန်လျှင်လည်း တရားကျမ်းဂန် လမ်းမှန်မကျ တိမ်းယိမ်း သွေကွက်ရာသည်။ တရားကျမ်းဂန် လမ်းမှန်မကျ တိမ်းယိမ်း သွေကွက်လျှင်လည်း သာသနာတော် ၃ ပါး အရင်းမူလဘူတ ဖြစ်သော ပရိယတ္တိဓမ္မ ကွယ်ပ ဆုတ်ယုတ်ရာသည်။ ပရိယတ္တိဓမ္မ ကွယ်ပ ဆုတ်ယုတ်ရာလျှင်လည်း သာသနာတော်ကို မှီကုန်သော ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့သည် အယူအကျင့် ပျက်ယွင်း၍ ဆင်းရဲကြီးစွာ ရောက်ကြ" မည်ကို စိုးရိမ်ပူပန်သောကြောင့် ဖြစ်သည်။

ဤကဲ့သို့ ခေတ်အဆက်ဆက် ဘုရင်နှင့် တကွ ရဟန်းပညာရှိ လူပညာရှိ ကျမ်းပြုပုဂ္ဂိုလ်များ လေးစားလိုက်နာခဲ့ကြသည့် သတ်ပုံသတ်ညွန်းကျမ်း အသီးသီး ရှိသည့်အနက် ဝဏ္ဏဗောဓနသတ်အင်းသည် ဝေါဟာရပြည့်စုံ၍ ခိုင်လုံသော ကျမ်းတစောင် ဖြစ်သည်ဟု ယူဆရပေသည်။ အဘယ်ကြောင့် ဆိုသော် ဝဏ္ဏဗောဓနသတ်အင်းကျမ်း ပေါ်ထွက်လာသည်မှ စ၍ နောင်ခေတ်များတွင် ပင့်ရစ်အသတ်အလတ်ဆိုင်ရာ၌ ဝဏ္ဏဗောဓနသတ်အင်းကိုသာ ပဓာနထား၍ ညွန်ကြားသတ်မှတ်ကြသည်ကို တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက်တွင် သတ်ပုံသတ်ညွန်းများကို ပြဌာန်းတော်မူသောအခါ၌လည်း ဝဏ္ဏဗောဓနသတ်အင်းကိုပင် ထိပ်ဆုံးက တင်၍ ပြဋ္ဌာန်းတော်မူလေသည်။

ထို့နောက် သီပေါမင်းလက်ထက် "၁၂၄၀ - ပြည့် ၊ နတ်တော် လပြည့်ကျော် ၆ ရက်နေ့ တောင်ဥယျဉ်တော် အစည်းအဝေး ရုံးတော်တွင် ကျင်းပသော ပထမဘွဲ့၊ ဒုတိယဘွဲ့ အစည်းအဝေးဝင် မှူးမတ်တို့၏ မျက်နှာစုံညီ အစည်းအဝေးကလည်း အသတ်ကာရန် ရေးသားနည်းများနှင့် စပ်လျဉ်း၍ လိုက်နာကြရန် " ရွာကြီး ဆရာတော် ဝဏ္ဏဗောဓနသတ်အင်း" ကို အမှူးထားလျက် ထောက်ခံတင်ပြကြလေသည်။ အစည်းအဝေး၏ ထောက်ခံတင်ပြချက်ကို သီပေါမင်းက နှစ်သက်တော်မူသဖြင့် ဝဏ္ဏဗောဓနသတ်အင်းကို အရအမိ ကျက်မှတ် လိုက်နာရန် ဆုံးဖြတ်သည်။

ဝဏ္ဏဗောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ)

ကျွန်တော်တို့ ၁၀ တန်း (၁၉၆၄-၆၅) မှာ ကျောင်းသုံး မှီငြမ်းသတ်ပုံစာအုပ်။ လက်ထဲမှာလည်း ရှိတယ်။ အလွန်ကောင်းတဲ့စာအုပ်။ 

ရှေးစာကဗျာများ နေရာမှာ pdf ဖိုင်လင့် ရှိတယ်။

Burma Vs Myanmar Links မြန်မာ နဲ့ ဗမာ လင့်များ

Ancient Burma ရှေးမြန်မာတွေ https://dr-tint-swe.blogspot.com/2021/12/ancient-burma.html

Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-1.html

Burma Vs Myanmar (2) မြန်မာဆိုတာဘာလဲ (၂) https://dr-tint-swe.blogspot.com/2021/11/burma-vs-myanmar-2.html

Divide And Conquer ရန်ဖြစ်ကြ စိတ်ဝမ်းကွဲကြစေသတည်း (၂) https://burmese-spelling.blogspot.com/2025/02/divide-and-conquer.html

Myanmar – Myanmerese မြန်မာနိုင်ငံ မြန်မာလူမျိုး https://burmese-spelling.blogspot.com/2022/11/myanmar-myanmerese.html

Myanmar Burmese Burman Burmah https://dr-tint-swe.blogspot.com/2021/05/myanmar-burmese-burman-burmah.html

Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://dr-tint-swe.blogspot.com/2021/11/myanmar-vs-burma.html

Name Change အမည်ပြောင်းလဲခြင်းဟူသည် https://dr-tint-swe.blogspot.com/2020/12/name-change.html

ကျန်းမာ ကျမ္မာ မြန်မာ မြမ္မာ မိမ္မ မိန်းမ ယ္ခင် ယခင် သမီး သ္မီး https://burmese-spelling.blogspot.com/2025/05/blog-post_603.html

ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ https://dr-tint-swe.blogspot.com/2021/04/blog-post_88.html

ဗ၊ မ ပြဿနာ https://burmese-spelling.blogspot.com/2025/08/blog-post_523.html

ဗမာ နဲ့ မြန်မာ (မောင်သာနိုး) https://dr-tint-swe.blogspot.com/2022/04/blog-post_120.html

ဗမာ နဲ့ မြန်မာ ၁၀၀% တူတယ် https://dr-tint-swe.blogspot.com/2022/08/blog-post_352.html

ဗမာ နဲ့ မြန်မာ https://dr-tint-swe.blogspot.com/2021/11/blog-post_889.html

ဗမာ-မြန်မာ အဆက် https://burmese-spelling.blogspot.com/2023/05/blog-post_538.html

ယခုတော့လည်း ဗမာပြည် (၂) https://burmese-spelling.blogspot.com/2024/04/blog-post_767.html

ယခုတော့လည်း ဗမာပြည် https://burmese-spelling.blogspot.com/2023/07/blog-post_196.html

အင်္ဂလိတ်-မြမ္မာ မြမ္မာ-အင်္ဂလိတ် https://burmese-spelling.blogspot.com/2024/06/blog-post_76.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...