Skip to main content

မင်္ဂလာ ယောက်ျား ဟင်္သာတ သင်္ဘောသီး စင်္ကာပူ

မေးခွန်း = စင်ကာပူ နဲ့ စင်္ကာပူ ဘယ်ဟာအမှန်ယူရမလဲဆရာ

စင်္ကာပူ = စင်ကာပူ

ယောက်ျား = ယောက်ကျား။

ယောင်္ကျား = ယောင်ကျား။

ဟင်္သာတ = ဟင်းသာတ။

မေးခွန်း = သင်္ဘောကိုဘယ်လိုစလုံးပေါင်းလဲ

သင်္ဘောရေးတာ မှန်။

တချို့က မင်္ဂလာ၊ သင်္ဘော၊ ဟင်္သာတ၊ ယောက်ျား စာလုံးတွေရေးကြတာ မမှန်ကြပါ။

စလုံးပေါင်းမဟုတ်။ စာလုံးပေါင်းလို့ ရေးရ။ 

စလုံးဆိုရင် စင်္ကာပူကို အတိုကောက်ခေါ်တာဖြစ်သွားမယ်။ စင်္ကာပူကို စကာ်ပူလို့ မရေးရ။

စာလုံးတွေကို အော်တိုပြင်တဲ့အတွက် တခါတခါရေးတဲ့အတိုင်းမရေးတာကလည်း တဒုက္ခ။

မေးခွန်း = ကျနော်သင်ကြားခဲ့ရသည့် မင်ဂလာပါ။ ယခု မဂင်လာလို့အသံထွက်သည့် အရေးအသားများလည်း တွေ့ရပါသည်။။ တည့်မတ်ပေးပါရန် 

မင်္ဂလာ အသံထွက် မင်ဂလာ (တင်ပြထားတဲ့ပုံကို ကြည့်ပါရန်။)

မင်္ဂလာ ကို မဂ်လာ လို့ရေးနေကြတယ်။ ဖေါင့်ကြောင်ပါလို ဆိုကြတယ်။ ဟင်္သာ နဲ့ ဟင်္သာတ ကို ၃-၄ မျိုးရေးကြတယ်။

ဟသာင်္တ မုန့်ဟင်းခါး ချက်နည်း တွင် လျို့ဝှက်ချက် နှစ် ခုရှိတယ်

ဟင်္သာတ ကို မှန်အောင်ရေးမထားတဲ့ မုန့်ဟင်းခါးချက်နည်းစာကို ခဏခဏတွေ့တယ်။ တယောက်ပြီးတယောက်က ကူးတင်ကြတယ်။ တနှစ်ကျော်ကျော်အတွင်း ဆယ့်လေးငါးခါထက်မနည်း တွေ့တယ်။ ဟင်္သာတကိုတော့ မှန်အောင်မရေးတတ်ကြပါ။ ကူးတင်သူတွေကလည်း မှန်အောင် မပြင်ကြပါ။

ထန်းတပင်ကို စသတ်၊ တကောင်းကို စသတ်၊ တမူးလည်း စသတ်ကြပါတယ်။ 

ဗိုလ်တထောင်တော့ ဘုရားအမည်တော်ကိုသာ စသတ်သေးတယ်။ သတင်းစာနဲ့ မြို့အမည် အကောင်းပကတိရှိသေးတယ်။

- မင်္ဂလာပါကအကျင့်ဖြစ်နေကြပြီဗျ။ တခါ အသုဘတခုမှာအဖြူမတယောက်ရောက်လာပြီးမင်္ဂလာပါလို့လိုက်နှုတ်ဆက်နေတော့ မနေနိုင်သူတဦးက ဘေးအသာခေါ်ပြီး အမင်္ဂလာကိစ္စမို့မသင့်တော်ကြောင်းပြောရသတဲ့။

- တချို့က (မဂ်လာ) တဲ့။

မင်္ဂလ (ပါဠိ) = ကောင်းခြင်း။ ပွားခြင်းသို့ရောက်ခြင်း။ ချီးမွမ်းအပ်သော ကောင်းမြတ်သောတရား။ စီးပွားချမ်းသာ၏ အကြောင်းဖြစ်သောတရား။ မင်္ဂလာတရား။

မဂ္ဂ (ပါဠိ) = ရှာမှီးခြင်း။ အကြောင်း။ နိဗ္ဗာန်ကို ရှာမှီးခြင်းအကြောင်း။ ခရီး။ နတ်တော်လ။

စာရေးကြတာမှာ (-င်္) က တခါတခါ ခက်တယ်။

ဟင်္သာတကိုတော့ အတော်ကို မှားရေးနေကြတယ်။

1. DVB - ရေနစ်မြုပ်နေတဲ့ လယ်သမားတွေ ဟသာင်္တမြို့မှာ ဆန္ဒထုတ်ဖော် - YouTube

2. Mula Mingon » ဟသာင်္တမြို့နယ် ဆိတ်ကြီးအုပ်စု ဘောင်ချောင်ရိုးကျေးရွာတွင် အကြိမ် ၇၀ မြောက် တရားစခန်းပွဲ…2016

3. Network For Social Justice: တရားမမျှတသည့် ဟသာင်္တ တရားရုံး၊ လာဘ်စားသော  စည်ပင်ညွှန်မှုးတို့၏ လုပ်ရပ်အား တိုင်ကြားသည့် တရားလိုအား ဟသာင်္င်္တ ...

4. Stream Ko Min Maung | Listen to ဟသာင်္တ ထွန်းရင် ချက်ကြီး playlist online  for free on

5. Stream ထိနျ လငျး | Listen to ဟသာင်္တအောင်တင်ဝင်း playlist online for free on SoundCloud

6. Stream ဟသာင်္တခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်နဲ့  မေးမြန်းချက် by RFA

7. ကံလှမ်းဉာဏ်လှမ်း နိဗ္ဗာန်ကွာ ဟသာင်္တမြို့ ၆ ၁၀ ၂၀၁၀ ည - YouTube

8. ဆရာကြီးဦး ( - ) အဂါင်္နေ့ ဘယ်ဆေးခန်းမှာထိုင်လဲရှင့်။

9. ဆရာရှင့် လကျာ်ဆိုသော စကားလုံးကို အသံထွက်လျှင် လက်ယာဟု ထွက်ပြီး အဓိပ္ပါယ်က ညာဖက်ဟု ကျွန်မ နားလည်ထားတာ မှန်ပါသလားရှင့် ကျွန်မရေးထားသော လကျာ် စာလုံးပေါင်းရော မှန်ပါသလားရှင့် (မင်းလက်ျာ မှန်တယ်။ င် အသေးကို အပေါ်တင်ထားရင် လင်ယာလို့ ဖတ်မယ်။)

10. နေ့စဉ်အချိန်အလိုက်သဘော်သီးစား-အကျိုးများသပ

11. ပလက်ဝတွင် ပျောက်ဆုံးနေသော ယောင်္ကျားကိုရှာဖွေသည့် ဇနီး မိုင်းနင်းမိ

12. မဂ်လာ မဟုတ်။ မင်္ဂလာလို့ ရေးရတယ်။ ကီးဘုတ်တချို့ကလည်း ဂွကျတယ်။

13. မဂ်လာပါဆရာ။ မင်္ဂလာပါလို့ ရေးရတယ်။

14. မဂ်လာရှိသောနံနက်ခင်းလေးပါ တဲ့။

15. မြစ်ဆုံ Media Group: မဲရုံအမှတ် ၁၈၀ ဟသာင်္တ မှာပါ

16. မိန်းကလေးတွေ သတ္တိကောင်းရင် ယောင်္ကျားလေးတွေ လိုက်မမီ။ သူတို့က လျှပ်တပြက်ဥာဏ်လည်း ထက်တော့ အောင်မြင်ကြမှာ ယုံကြည်ပါတယ်။

17. ယူကျုမှာ တင်ထားတယ်။ သဘော်သီးထောင်းတဲ့။ သင်္ဘောသီးလို့ ရေးရတယ်။ ဘယ်အသီးကို ထောင်းသလဲ မသိ။ စားကောင်းမည်မဟုတ်။

18. ယောင်္ကျားသားများအားနှိပ်စက်မှု့ (၂ ခုမှားနေတယ်။ ယောက်ျားသားများအာနှိပ်စက်မှုလို့ ရေးရတယ်။)

19. ရန်ကုန် -ဟသာင်္တ.... - ရန်ကုန် -ဟသာင်္တ. အဝေးပြေးလမ်းမကြီး

20. ရွှေဟသာင်္ ဖယောင်းတိုင်

21. ရေထဲမှာသွားတာဆိုရင် သင်္ဘောလို့ ရေးရတယ်။

22. လူမေနတဲ့အိမ္ကေလး.....ဟသာၤတထြန္းရင္ လူမနေတဲ့အိမ်ကလေး.....ဟသာင်္တထွန်းရင်  -

23. သံလွင်: ဟသာင်္တ တက္ကသိုလ်အားဗုံးဖောက်ခွဲမည်ဆိုသည့်စာတွေ့ရှိ

24. သဘော်စီးပြီးအိမ်မပြန်တာဆယ်စုနှစ်တစ်ခု(တခု) ကျော်ပြီ။ သဘော်ကြီးစီးပြီးခရီးသွားတော့ အဖွားကိုသတိရလိုက်တာ (သင်္ဘော နဲ့ ယောက်ျား မှားရေးကြတယ်။)

25. သဘော်သီးထောင်းတဲ့ ယူကျုမှာ တင်ထားတယ်။ ဘယ်အသီးကို ထောင်းသလဲ မသိ။ စားကောင်းမည်မဟုတ်။

26. ဟင်္သတမြို့ (သီးနှံဈေးနှုန်း နှင့် သုံးသပ်ချက် ဝန်ဆောင်မှု)

27. ဟင်္သာတ - ဟသာင်္တ

28. ဟင်္သာတခရိုင်တွင် စစ်ကောင်စီတပ်ကို ငွေပေးပြီး မြစ်ကျောက်စုပ်ယူ

29. ဟသာင်္တ GTC ကျောင်းသားများ၏ ကားအခက်အခဲ on Vimeo

30. ဟသာင်္တ တက္ကသိုလ်မှပုံရိပ်များ | Facebook

31. ဟသာင်္တ မုန့်ဟင်းခါး ချက်နည်း တွင် လျို့ဝှက်ချက် နှစ် ခုရှိတယ် – Cele Cele  News

32. ဟသာင်္တ မုန့်ဟင်းခါး ချက်နည်းဝှက်ချက် - Myanmar Express

33. ဟသာင်္တ မုန့်ဟင်းခါးချက်နည်း တွင် လျို့ဝှက်ချက် နှစ်ခုရှိတယ်... - San Thitsa

34. ဟသာင်္တ... - ဟသာင်္တ တက္ကသိုလ် ဓါတုဗေဒ ကျောင်းသားဟောင်းများ

35. ဟသာင်္တ..ခရီးသွားများ ဆုံဆည်းရာ | Facebook

36. ဟသာင်္တတက္ကသိုလ်အနီးမြို့ပါတ်လမ်းတွင်နှစ်ယောက်တွဲအလုံပိတ်အခန်းများ -  TimeAyeyar

37. ဟသာင်္တမြို့တွင် မြေကျင်းတူးရာမှ စစ်ကျန်ဗုံးကြီးများတွေ့

38. ဟသာင်္တမြို့နယ်က ပြည်သူ့အသံများ စုစည်းချက် – MoeMaKa Burmese News & Media

39. ဟသာင်္တမြို့နဲ့ တလုပ်ထော်ရွာ ကြားမှာ ယာဉ်တိုက်မှု့ ဖြစ်ပွား - THIT HTOO  LWIN (Daily News)

40. ဟသာင်္တမုန့်ဟင်းခါး လို့ ရေးတာ တွေ့လိုက်တယ်။

41. ဟသာင်္တမုန့်ဟင်းခါး လို့ ရေးတာ တွေ့လိုက်တယ်။ ဟင်္သာတလို့ ရေးရတယ်။

42. ဟသာင်္တမုန့်ဟင်းခါး လို့ ရေးတာ တွေ့လိုက်တယ်။ ဟင်္သာတလို့ ရေးရတယ်။

43. ဟသာၤတ | Facebook

44. ဟသာၤတ ဇာတိ (lisamya42) - Profile | Pinterest

45. အခြေခံဥပဒေပြင်ဆင်ရေး-ဟသာင်္တ (ရုပ်/သံ) - THIT HTOO LWIN (Daily News)

46. အင်္ဂါနေ့လို့ ရေးရတယ်။

47. အိမ် - စမ်းချောင်း မြို့နယ် ၊ ဟသာၤတလမ်း Price in Myanmar | Myanmarkt  Marketplace |

ဒီလိုပုံနဲ့ မန္တလေးလည်း နားလေးသူတွေနေထိုင်တဲ့မြို့တော်ဖြစ်လာပါတော့သည်။ (ကန်တော့)

ဟင်္သာတ https://burmese-spelling.blogspot.com/2024/05/blog-post_101.html

သုံးဆဲ့ရှစ်ဖြာ မင်္ဂလာ https://burmese-spelling.blogspot.com/2022/12/blog-post_74.html

ရွှေတိုင်ညွန့်ရေးသားတဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ https://www.youtube.com/watch?v=2EgTVXkdeoM

မင်္ဂလာ ယောက်ျား ဟင်္သာတ သင်္ဘောသီး https://burmese-spelling.blogspot.com/2023/04/blog-post_454.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...