တသက်လုံးရေးလာခဲ့တဲ့ တို့တတွေကို တက္ကသိုလ်ကျောင်းဆင်းတွေ၊ ပညာတတ်တွေ၊ ဘွဲ့ရတွေက စသတ်နဲ့ ရေးနေကြတာတွေ တွေ့ပါတယ်။
မြန်မာစာရော မြန်မာ့ယဉ်ကျေးမှုပါ နားမလည်ကြတော့သူတွေ။ ဟိုခေတ်က တတိုင်းတပြည်လုံး သင်္ကြန်အခါမှာသီဆိုကြတဲ့ သံချပ်ကိုလည်း မသိမီကြဘူးထင်ပါရဲ့။
သံချပ်
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ် ထင်ယင် ယှဉ်စမ်းတော့လား။ ။
"ခေတ်သစ်သံချပ်"
တဝမ်းပူ စသတ်၊
ပညာငတ် ပညာမတတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment