ကွန်မင့်က အင်္ဂလိပ်လိုရေးတဲ့အတွက် အင်္ဂလိပ်လို ပြန်ရေးလိုက်ပါတယ်။
Burmese teachers then were very good!
Agreed. Butalin Chit Lay was our Burmese teacher. Sayar Tin Moe was my friends' Burmese teacher.
ကွန်မင့်ရေးသူက သက်တူရွယ်တူ။ သူလည်း တခြားတိုင်းပြည်တခုမှာ နေပါတယ်။ ကျွန်တော်တို့ခေတ်က မြန်မာစာဆရာတွေကို အထူးသတိရပြီး ကျေးဇူးတင်ကြပါတယ်။
ကျွန်တော်တို့ ဆယ်တန်းမှာ ဘုတလင်ချစ်လေး ခေါ် ဦးချစ်မောင်ဦးက မြန်မာစာသင်ပါတယ်။
“ကချေသည်နှင့် အခြားကဗျာများ” ၁၉၆၂ စာပေဗိမာန်ဆုရ ကဗျာစာအုပ်ဖြစ်ပါတယ်။
ဆေးကျောင်းအတူတက်တဲ့ သူငယ်တွေရဲ့ မြန်မာစာဆရာက ဆရာတင်မိုး။
ဆရာတင်မိုးရဲ့ နောက်ဆုံးထုတ် "တင်မိုး ၉၂ ကဗျာများ" စာအုပ်ကို တမြန်နေ့က လက်ခံရရှိပါတယ်။ ကျေးဇူး။
ဆရာတင်မိုးသမီးကနေ ဒီစာအုပ်ကို ကဗျာမိတ်ဆွေတွေဆီ ပို့တယ်။ ကျွန်တော့အရင် စာအုပ်လက်ခံရရှိသူတွေက ကျေဇူးစကားနဲ့ တင်ထားကြတာလည်း ဖတ်ပါတယ်။
ဆရာတင်းမိုးကဗျာစာအုပ်မှာ မြန်မာစာသတ်ပုံမှန်နဲ့သာဖြစ်ကြောင်း ထောက်ပြသူ တဦးတယောက်မှတော့ မတွေ့မိပါ။
မြန်မာစာအရည်အသွေး ကျဆင်းလာနေပါကြောင်း အထောက်အထားတွေနဲ့ တင်ပြနေပါတယ်။
ဥပမာလေးတခုကတော့ -
အခုခေတ် လူအများစုက ရေးနေကြတဲ့အတိုင်းဆိုရင် "တင်မိုး 92 ကဗျာများ" လို့ ဖြစ်ပါတယ်။
"တင်မိုး နိုင်တီတူး ကဗျာများ" လို့ ဖတ်ရပါလိမ့်မယ်။
မြန်မာစာပြဿနာဟာ "တ" နဲ့ "တစ်" သာ မကပါ။ ၁-၂-၃-၄ ပါ ပျောက်နေပြီ။
ကျန်းမာရေးမေးတဲ့သူတွေက -
- ကလေးအသက် တူးနှစ်။
- ဖျားနေတာ သရီးရက်။
- သမီးအသက် တွမ်တီး တဲ့။
ရွှေပွဲလာများသို့ (ခင်ညွန့်ရည်) https://soundcloud.com/lamehm-gyi/linwlx36nasb
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment