(အဏ္ဏဝါသီလာကဲဆိုင် အပြန်တရာညီညာမြဲခိုင်)
နှစ်ကိုယ်တူ ချစ်သမျှတွေ
အလိုတူ ရှစ်ဆကဲနေ
ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ
ဒီပါလုံးတမိုးအောက်တယောက်ထင်နေ
မောင့် ချစ်ပန်းတွေ
တမျိုးလန်းနေ မညှိုးနွမ်းစေ
အသည်းနင့်အောင် သစ္စာဆိုစကားတွေ
ရှစ်ကမ္ဘာတိုင်စေ မေတ္တာမယိုင်ပေ
ချစ်သူတို့လျှောက်သောနယ်မြေ
ရာသက်လုံး အသည်းစိုင် စွဲတည်နေ အမြဲမသွေ
အဏ္ဏဝါသီလာကဲဆိုင် အပြန်တရာညီညာမြဲခိုင်
သံသရာလည်း ဆုံးစေ ဆုံးစေ
အပြန်တရာလည်း မမုန်းပေ မမုန်းပေ
ချစ်ဗိမာန် … လှမ်းတူပြိုင်မယ်လေ
နှစ်ကိုယ်တူ ချစ်သမျှတွေ
အလိုတူ ရှစ်ဆကဲနေ
ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ
ဒီပါလုံးတမိုးအောက်တယောက်ထင်နေ
မောင့် ချစ်ပန်းတွေ
တမျိုးလန်းနေ မညှိုးနွမ်းစေ
အသည်းနင့်အောင် သစ္စာဆိုစကားတွေ
ရှစ်ကမ္ဘာတိုင်စေ မေတ္တာမယိုင်ပေ
ချစ်သူတို့လျှောက်သောနယ်မြေ
ရာသက်လုံး အသည်းစိုင် စွဲတည်နေ အမြဲမသွေ
အဏ္ဏဝါသီလာကဲဆိုင် အပြန်တရာညီညာမြဲခိုင်
သံသရာလည်း ဆုံးစေ ဆုံးစေ
အပြန်တရာလည်း မမုန်းပေ မမုန်းပေ
ချစ်ဗိမာန် … လှမ်းတူပြိုင်မယ်လေ
သူ့ကို တမိုးအောက် တယောက်သာထင်နေ
ချစ်လွန်လွန်းလို ့ အသည်းလွှာဆိုင်မလေ
အနားဆို… တဖဝါးမှ မခွဲလိုပေ
မေ…ပြောပြမလေ…
ချော နှမမေ
နှစ်ကိုယ်တူ…ချစ်သမျှ …ကိုလေ
နှစ်ကိုယ်တူ ချစ်သမျှတွေ
အလိုတူ ရှစ်ဆကဲနေ
ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ
ဒီပါလုံးတမိုးအောက်တယောက်ထင်နေ
မောင့် ချစ်ပန်းတွေ
တမျိုးလန်းနေ မညှိုးနွမ်းစေ
အသည်းနင့်အောင် သစ္စာဆိုစကားတွေ
ရှစ်ကမ္ဘာတိုင်စေ မေတ္တာမယိုင်ပေ
ချစ်သူတို့လျှောက်သောနယ်မြေ
ရာသက်လုံး အသည်းစိုင် စွဲတည်နေ အမြဲမသွေ
အဏ္ဏဝါသီလာကဲဆိုင် အပြန်တရာညီညာမြဲခိုင်
သံသရာလည်း ဆုံးစေ ဆုံးစေ
အပြန်တရာလည်း မမုန်းပေ မမုန်းပေ
ချစ်ဗိမာန် … လှမ်းတူပြိုင်မယ်လေ
သူ့ကို တမိုးအောက် တယောက်သာထင်နေ
ချစ်လွန်လွန်းလို ့ အသည်းလွှာဆိုင်မလေ
အနားဆို… တဖဝါးမှ မခွဲလိုပေ
မေ…ပြောပြမလေ…
ချော နှမမေ
နှစ်ကိုယ်တူ…ချစ်သမျှ …ကိုလေ
https://www.facebook.com/reel/1272698291450342
လင့် အတွက် ကျေးဇူး။
မှတ်ချက်
မြန်မာစာကို စာလုံးပေါင်းသတ်ပုံမှန်နဲ့သာ ရေးသားတဲ့ခေတ်က သီချင်းတွေလည်း ကောင်းတယ်။
သီချင်းကောင်းတွေကို ပြန်တင်၊ ပြန်ထုတ်တာတွေမှာ ၉၀% လောက်က သီချင်းစာသားပါ စာလုံးပေါင်းသတ်ပုံတွေကို မှားအောင်ပြင်ထားကြတယ်။ ပျက်ရော။
ဆိုတဲ့သူတွေက စာသားကိုမဖတ်ဘဲ မျက်စိမှိတ်ဆိုကြရလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment