ဟုတ်။
ကျွန်တော့ ကိုယ်ရေးအကြောင်းစာရယ်လို့တော့ စုစည်းထားတာ မရှိသေးပါ။ တိုတိုတိတိလေးတွေကတော့ များလှပြီ။
စာအုပ်ရေးပါလို့ ပြောသူအရေအတွက်လည်း ၃-၄၀ ရှိတယ်။
ဘာ့ကြောင့် စာအုပ်ရယ်လို့ မရေးဖြစ်သေးသလဲ အကြောင်းပြချက်ကိုလည်း ၁၀ ကြိမ်မက တင်ပြထားပါတယ်။
ပြည်တွင်းမှာ ကျွန်တော့်အမည်ဖြစ်စေ အကြောင်းအရာ ဖြစ်စေ ထုတ်ဝေလို့ မရနိုင်တော့ပါ။ ထုတ်ပေးရဲသူ မရှိပါ။ ထုတ်မပေးရဲလို့လည်း အပြစ်ဆိုရန် မရှိပါ။
ဒီမိုကရေစီ တမတ်သားခေတ် (၂၀၁၀-၂၀၁၅) တုန်းကတော့ စိတ်ကူးရှိခဲ့ပါတယ်။
အခု ခေတ်ပြောင်းသွားပြီ။
စာတွေကိုလည်း စုထားဖြစ်တယ်။ အင်္ဂလိပ်လိုရေးခဲ့တဲ့ ဒိုင်ယာရီကို ဘာသာပြန်ရတာ မခက်တော့ပါ။
Blog မှာ ကျွန်တော့အမည်ဖြစ်စေ၊ NCGUB လို့ဖြစ်စေ ရိုက်ပြီးရှင်ရင် စာတွေကို တွေ့ရတယ်။
ပြည်ပမှာ စာအုပ်ထုတ်ရတာ မခက်လှပါ။ စာဖတ်သူ ရှားတယ်။ ထုတ်လည်း အကျိုးမရှိလောက်လို့ အခုထိ ယူဆထားပါတယ်။
ဂူဂယ်လ် မှာ "တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်" လို့ရှာရင်လည်း စာပုဒ်ရေတရာ ကျော်တွေ့နိုင်တယ်။
NCGUB ပေါ်ပေါက်လာရခြင်းသမိုင်း အစစ်အမှန်ကို အပြည့်အစုံသိသူ မရှိပါ။ ၁၉၉၀ ခုနှစ်မကုန်ခင်လတွေမှာ လျို့ဝှက်အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်။
မှတ်တမ်းတွေကို သိမ်းဆည်း၊ ဖျက်ဆီးကြရတယ်။
ပြီးခဲ့တဲ့လက ကိုယ်မသိသေးတာနဲ့ မခိုင်မာတဲ့အချက်အလက်တွေသိရအောင် မေရီလန်းကို သွားခဲ့ပါသေးတယ်။ ပိုပြီး သိလာပြီ။
ကျွန်တော်နဲ့ အရင်းနှီးဆုံးတွဲလုပ်ခဲ့ကြတဲ့ ဦးဝင်းကိုနဲ့ ဒေါက်တာဇော်မြင့်မောင်တို့ မရှိကြတော့ပါ။
တချို့ သက်ရှိထင်ရှားရှိကြသေးတယ်။
အပြည့်အစုံ ထည့်မရတာမျိုးလည်း ရှိတယ်။ လူအမည်တွေ၊ နေရာဒေသအမည်တွေနဲ့ အဖြစ်အပျက်တချို့ကို ထည့်မရေးသင့်ပါ။
၁။ တချို့ သက်ရှိထင်ရှားရှိသေးသူတွေကိုတော့ အကြောင်းသနစ်မှန်ကို ရေးပြရမှာ အားနာရတယ်။
၂။ တချို့ သက်ရှိထင်ရှားရှိသေးသူတွေကနေ ကျွန်တော့ကို ကူညီကြာင်း သိတာနဲ့ သူတို့ကို စစ်အုပ်စုက ရှန်ရှာမယ်။
သမိုင်းဆိုတာ ဒီလိုနဲ့ ပျောက်ကုန်လေ့ရှိတယ်။
ဖတ်နိုင်တဲ့သမိုင်းတိုင်းဟာ မပြည့်စုံပါ။ ဘက်လိုက်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment