မောင်ချောနွယ် ရေးတဲစာ တကြော့ပြန် ခေတ်စားလာပါတယ်။
အတု အစစ် သိဖို့ဆိုတာ
တခါတခါ ၁ နှစ်၊ ၂ နှစ်ကြာတယ်။
တခါတခါ ဆယ်စုနှစ်တွေ ကြာတယ်။
တခါတခါ ရာစုနှစ် ထောင်စုနှစ်ထိ ကြာတယ်။
လက်နက်ကိုင်တဲ့သူတွေ လက်နက်ချတာက သိသာ မြင်သာပေမယ့်
ခေါင်းပေါင်း၊ ယူနီဖေါင်း၊ ပင်နီတိုက်ပုံ၊ စုံချပဝါတွေက မမြင်သာဘူး။
သူတို့က အဲဒါတွေကိုသာ ဆက်ဝတ်ထားကြတယ်။
အချိန်မတန်သေးခင်
ပြောမိရင်လည်း မသကာ အဆဲခံရတတ်တယ်။
မသကာ နဲ့ မသမာ မှားတဲ့သူတွေ ရှိတာကိုး။
"မသကာ"
၁။ ယုတ်စွအဆုံး။ အလွန်ဆုံး။ မတတ်သာသည့်အဆုံး။ အခြားနည်းလမ်းအစားအားဖြင့်။
၂။ ထောပတ်စိမ်း။ ထောပေး။ ဆီဦး။
ပြောစရာတွေက များတယ်။ အချိန်မတန်သေးတော့ ပလူပျံရေးနေကြတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment