Skip to main content

ပါးစပ်ရာဇဝင် မဟုတ်ပါ

မက်ဆေ့ချ်တခု = လက်ဖက်ရည်တခွက်တကျပ်။ ဦးချစ်ဆိုင်။ တခွက်အနည်းဆုံး ၂၀၀၀။ အဆ ၂၀၀၀ တတ်သွား။ တိုင်းပြည်တိုးတတ်ပုံက အံ့မခန်းးဘဲ။
ကွန်မင့်တခု = ကျွန်တော် တို့ မြို့က သက်သာဆိုင်မှာ တခု၊ တခွက်၊ တလိပ် ကို တကျပ် အီကြာကွေး(သို့မဟုတ်) ပလာတာ (သို့မဟုတ်) ထပ်တရာ တခု ကို ပြားလေးဆယ် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ တခွက်ကို ပြားလေးဆယ် ဒူးယား တလိပ်ကို ပြားနှစ်ဆယ်ေ
ဟုတ်။ ကျေးဇူး။
ဒီနေ့လ် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပြောဖြစ်သေးတယ်။
ကျွန်တော်တို့ ဆေးကျောင်းသားခေတ် (၁၉၆၅-၁၉၇၂) တုန်းကတော့ လက်ဖက်ရည်တခွက် တမတ် (၂၅ ပြား)။ ပိုက်ဆံတကျပ်ရှိရင် သူငယ်ချင်း ၃ ယောက် ဆိုင်ထိုင်နိုင်တယ်။ လက်ဖက်ရည် ၃ ခွက်နဲ့ စီးကရက်။ တကျပ်တိတိ။ ရေနွေးကြမ်းကတော့ ကုန်တိုင်းတောင်းလို့ရတယ်။
ကွန်တော်တို့ထက်စောတဲ့ခေတ်မှာ လက်ဖက်ရည်တခွက် ပြား ၂၀။
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်ဦးမှာ -
တနေ့လုပ်ခ။ နောက်တဆင့် ၃ ကျပ် ပြား ၆၀။ 
အောက်တန်းစာရေး၊ မူလတန်းပြ တလ ၁၂၆ ကျပ် ၇၅ ပြား။
အငယ်တန်းအရာရှိ လစာ ၃၂၀ ကျပ်။
ပြန်တမ်းဝင်အရာရှိလစာ ၄၅၀ ကျပ်။ ၇၀၀ ဆုံး။
လက်ဖက်ရည်တခွက် ပြား ၂၀ ကနေ ၂၅ ပြား (တမတ်)။
နံပြားတချပ် ၁၅ ပြား။
ဆေးကျောင်းသား အဆောင်ကြေး ၄၂ ကျပ်။ ကျောင်းလခ ၁၅ ကျပ်။
စတိုင်ပင်နဲ့ စကောလားရှစ် တလ ၇၅ ကျပ်။
ရွှေတကျပ်သား ကျပ် ၂၀၀ သာသာ။
ပါးစပ်ရာဇဝင် မဟုတ်ပါ။
(၂)
လက်ဖက်ရည်တခွက်လျှော့သည့်တိုင် တကြိမ်သောက် ၁၁၉ ခွက်ဖြစ်မှာမို
၁၉၇၂ ခု၊ ဖေဖေါ်ဝါရီလ ရှုမဝမဂ္ဂဇင်းထဲက ဝတ္ထုတိုထဲ၌ အားကစားသမား ကျန်းမာကြောင်း ထောက်ခံစာရဖို့ လက်ဖက်ရည်ဖိုး (လာဘ်ထိုးဟု စာပေစီစစ်ရေးကခွင့်မပြု) ၃၀ိ/- ဆရာဝန်ကို ပေါ်ရပုံ သရော်ထား၏။ ရွာက ကိုအီဆတ်ဆိုင်မှာ လက်ဖက်ရည်တခွက် ၂၅ ပြား၊ ပဲခူးက ရွှေကျား တရုတ်ဆိုင်မှာ၊ ဘူတာရုံက ကာကာဆိုင်မှာ၊ တကသ စားသောကဆိုင်မှာ၊ မြန်မာပြည်အနှံ့ မည်သည့်ဆိုင်မဆို လက်ဖက်ရည်တခွက် ၂၅ ပြားမို့ ၃၀ိ သည် လက်ဖက်ရည် အခွက်တရာ့နှစ်ဆယ်။ - - -။ (မောင်အောင်မွန်)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...