မက်ဆေ့ချ်တခု = လက်ဖက်ရည်တခွက်တကျပ်။ ဦးချစ်ဆိုင်။ တခွက်အနည်းဆုံး ၂၀၀၀။ အဆ ၂၀၀၀ တတ်သွား။ တိုင်းပြည်တိုးတတ်ပုံက အံ့မခန်းးဘဲ။
ကွန်မင့်တခု = ကျွန်တော် တို့ မြို့က သက်သာဆိုင်မှာ တခု၊ တခွက်၊ တလိပ် ကို တကျပ် အီကြာကွေး(သို့မဟုတ်) ပလာတာ (သို့မဟုတ်) ထပ်တရာ တခု ကို ပြားလေးဆယ် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ တခွက်ကို ပြားလေးဆယ် ဒူးယား တလိပ်ကို ပြားနှစ်ဆယ်ေ
ဟုတ်။ ကျေးဇူး။
ဒီနေ့လ် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပြောဖြစ်သေးတယ်။
ကျွန်တော်တို့ ဆေးကျောင်းသားခေတ် (၁၉၆၅-၁၉၇၂) တုန်းကတော့ လက်ဖက်ရည်တခွက် တမတ် (၂၅ ပြား)။ ပိုက်ဆံတကျပ်ရှိရင် သူငယ်ချင်း ၃ ယောက် ဆိုင်ထိုင်နိုင်တယ်။ လက်ဖက်ရည် ၃ ခွက်နဲ့ စီးကရက်။ တကျပ်တိတိ။ ရေနွေးကြမ်းကတော့ ကုန်တိုင်းတောင်းလို့ရတယ်။
ကွန်တော်တို့ထက်စောတဲ့ခေတ်မှာ လက်ဖက်ရည်တခွက် ပြား ၂၀။
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်ဦးမှာ -
တနေ့လုပ်ခ။ နောက်တဆင့် ၃ ကျပ် ပြား ၆၀။
အောက်တန်းစာရေး၊ မူလတန်းပြ တလ ၁၂၆ ကျပ် ၇၅ ပြား။
အငယ်တန်းအရာရှိ လစာ ၃၂၀ ကျပ်။
ပြန်တမ်းဝင်အရာရှိလစာ ၄၅၀ ကျပ်။ ၇၀၀ ဆုံး။
လက်ဖက်ရည်တခွက် ပြား ၂၀ ကနေ ၂၅ ပြား (တမတ်)။
နံပြားတချပ် ၁၅ ပြား။
ဆေးကျောင်းသား အဆောင်ကြေး ၄၂ ကျပ်။ ကျောင်းလခ ၁၅ ကျပ်။
စတိုင်ပင်နဲ့ စကောလားရှစ် တလ ၇၅ ကျပ်။
ရွှေတကျပ်သား ကျပ် ၂၀၀ သာသာ။
ပါးစပ်ရာဇဝင် မဟုတ်ပါ။
(၂)
လက်ဖက်ရည်တခွက်လျှော့သည့်တိုင် တကြိမ်သောက် ၁၁၉ ခွက်ဖြစ်မှာမို
၁၉၇၂ ခု၊ ဖေဖေါ်ဝါရီလ ရှုမဝမဂ္ဂဇင်းထဲက ဝတ္ထုတိုထဲ၌ အားကစားသမား ကျန်းမာကြောင်း ထောက်ခံစာရဖို့ လက်ဖက်ရည်ဖိုး (လာဘ်ထိုးဟု စာပေစီစစ်ရေးကခွင့်မပြု) ၃၀ိ/- ဆရာဝန်ကို ပေါ်ရပုံ သရော်ထား၏။ ရွာက ကိုအီဆတ်ဆိုင်မှာ လက်ဖက်ရည်တခွက် ၂၅ ပြား၊ ပဲခူးက ရွှေကျား တရုတ်ဆိုင်မှာ၊ ဘူတာရုံက ကာကာဆိုင်မှာ၊ တကသ စားသောကဆိုင်မှာ၊ မြန်မာပြည်အနှံ့ မည်သည့်ဆိုင်မဆို လက်ဖက်ရည်တခွက် ၂၅ ပြားမို့ ၃၀ိ သည် လက်ဖက်ရည် အခွက်တရာ့နှစ်ဆယ်။ - - -။ (မောင်အောင်မွန်)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment