မေးခွန်း = တကယ် နှင့် တစ်ကယ်မှာဘယ် အရေးသားမှန်သလဲ ဆရာခင်ဗျ
ညတုန်းကတော့ "တကယ်" စာလုံးပါတဲ့ ကာတွန်းကို တင်ပြခဲ့ပါတယ်။
အခုတခါ သီချင်းစာသား တကယ် ၅ ခုကို နမူနာအဖြစ်တင်ပြပါမယ်။
(၁)
သူဌေးဝါဒ၊ ရေး - နန်းတော်ရှေ့ ဆရာတင်
စိန်လိုချင်ရင် စိန်တွေဖြစ်ရမယ်
အိမ်လိုချင်ရင် အိမ်တွေဖြစ်ရမယ်ကွယ်
လူ စိတ်ဓာတ်ဟာ လောက အမြတ်ဆုံး တကယ်
(၂)
ယောဆရာ ရွှေတိုင်ညွှန့်
သိန္ဓီ(သိန္နီ) သီပေါ သာပြန့်ပြောတဲ့
ကမ္ဘောဇနယ် ယောပြည် ယောနယ်
ယောပညာတွေကို စုံအောင်သင်ခဲ့သလား
အများကလည်း ထင်ကြမယ်
ဪဒီလို ဘက်ကတော့ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ပါတယ်
တကယ် ယောလုံခြည်လဲ အမြဲဝတ်ကာလည်
နာမည်နဲ့တော့ လိုက်အောင် မောင်ကြံရွယ်
တကယ် ရောရိရောရာ တွေကရာပါတတ်တယ်
ယောလုံခြည်လဲ အမြဲဝတ်ကာလည်
နာမည်နဲ့တော့ လိုက်အောင် မောင်ကြံရွယ်
တကယ် ရောရိရောရာ တွေကရာပါတတ်တယ်
ယောဆရာ တေးဆို - တင်တင်မြ တေးရေး - ရွှေတိုင်ညွန့် https://www.youtube.com/watch?v=HUnS4tYedqQ
(၃)
မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်
(ကိုသန်းလှိုင်)
နှစ်ဦး စလုံးရဲ့ အသည်းများမှကွယ်
အသိတရားများကို ဖလှယ်
တွယ်တာ နှောင်တည်း ကြသူ ချင်းမို့
မေတ္တာကမ္ဘာ များဖြင့် မခြားလိုတယ်
ချစ်စရာ အပြုံး စကားလေးများ သာကွယ်
ရင်ဝယ် သိမ်းဆည်း ကာ ထားမယ် မေရယ်
ဘဝ အတွေ့ အကြုံ မပြည့်စုံ လို့ ရယ်
ယုယကာ အစစ မှာကွယ်
သွန်သင် ဆုံးမ ဆုံးမ တာတွေ ရယ်
အပြစ်လို မြင်တတ် လေတယ် ကွယ်
သြော် ကလေး ဆန်လွန်းသူ
အမိုက်ကလေး ကိုမှ ကျွန်တော်က ချစ်မိသူပါကွယ်
ဘဝ ဆိုတာရယ် စိတ်တိုင်းကျ တည်ဆောက်မှ တကယ်
သာယာ လိမ့်မယ် ယုံကြည်တယ်
(၄)
ကချေသည်
(စန္ဒရား အောင်ခင်။ ဆို ဒေါ်မေစီ၊ သက်မှူးဟေသီ၊ နီနီဝင်းရွှေ)
တခါတရံဝယ်
မုန်းသူကိုလည်း ချစ်ဟန်ဖွဲ့ရတယ်
သြော် တခါတရံဝယ်
ချစ်တဲ့သူလည်း မုန်းမာန်ချဲ့ရတယ်
မုန်းမာန် ချဲ့ရတယ်
ရွှေပွဲလာများ ရွှင်အားရစေဖွယ်
ထင်ရှား ကျွန်မ အခြေမလွယ်
အဟုတ်နော် တကယ်
သရုပ် ဖော်တယ်
ရွှေပွဲလာများ ရွှင်အားရစေဖွယ်
ထင်ရှား ကျွန်မ အခြေမလွယ်
အဟုတ်နော် တကယ်
သရုပ်ဖော်တယ်
နောင်သော် မျက်ကွယ်
စီးကျ မျက်ရည် အသွယ်သွယ်
(၅)
အရှုံး မပေးနဲ့မိငယ်ရေ ရဲရင့်မှ ကျော်ဖြတ်သွား
အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ
တကယ်ကိုယ်ကျိုးစွန့်နိုင်မှ
ဒီရေလှိုင်းတွေ တရွေ့ရွေ့တက်တော့
ပင်လယ်ပြင်ဟာ လှုပ်ခတ်ရစမြဲလေ
ခွန်အားဖြည့်မိငယ် (သံစဉ်/စာသား - (ကို)နေဝင်း။ ဆို - ခင်မောင်တိုး)
တကယ်လို့များ - ထူးအိမ်သင် https://www.youtube.com/watch?v=lNGgBixPP9k
"တစ်ကယ်" လို့ရေးထားတဲ့သီချင်းကို အဆိုတော်တွေ အသံ"တစ်" နေကြလိမ့်မယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment