တနည်းကား
တရားစာဆိုတာ သတ်ပုံလည်း မှန်ရတယ်။
ရသစာ၊ သုတစာတွေကိုလည်း သတ်ပုံမှန်ရတယ်။
သတ်ပုံမမှန်တဲ့ခေတ်မှာ မတရားတာတွေ များလာတယ်။
ပုံအတွက် မွန်ကျောင်းဆရာတော် ကျေးဇူးပါဘုရား။
ကျွန်တော်က ဘယ်နေရာကိုရောက်ရောက် စာအုပ်ရှာလေ့ရှိတယ်။
စာတအုပ်ကို ပဌမစာမျက်နှာဖတ်ကတည်းက သတ်ပုံမှန်စာအုပ် ဟုတ် မဟုတ် သိတယ်။ ဆက်မလှန်တော့။
တချို့ဆို အဖုံးကြည့်တာနဲ့ သိတယ်။ လှန်မနေတော့။
တချို့ဆို စာရေးသူအမည်နဲ့ သိပြီ။ ထားလိုက်ပါတယ်။
ခေတ်ဟောင်း ခေတ်ကောင်းက သတ်ပုံမှန်စာအုပ်တွေ ဖတ်လို့မကုန်။
အရာရာမှာ ပေါ်လစီခေတ်ဖြစ်လို့ သတ်ပုံမှန်၊ အဖြစ်မှန်၊ သတင်းမှန်၊ လူမှန် ရှားသွားပြီ။
မှန်နေရင်လည်း မရောင်းရ။ နေရာ မရ။
လွဲမှားပါက အလုပ်ဖြစ်၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment