မဂ်လာပါ ဆရာဗျ စာမေးချင်လို့ပါဗျ။ ကမ္ဘာမြေတခွင် ကမ္ဘာမြေတစ်ခွင် ဘယ်အသုံးက မှန်လဲဗျ။
ကမ္ဘာတခွင်
မြန်မာတခွင်
တခွင်တပြင်
ဖြစ်ကြောင်းကုန်စင် အညာတခွင်
အမေရိကန်တခွင်
"လူသာလျှင်ပဓာနပင်"
ဤကမ္ဘာမြေတခွင်
ပင်လယ်ရပ်ခြားတိုင်းတပါး
စကြာဝဠာတခွင် …
အရင်က သီချင်းကိုလည်းသတ်ပုံမှန်အောင်ရေးသားပြီး အဆိုတော်တွေကလည်း အသံကောင်းခဲ့ကြတယ်။
အခုခေတ်မှာတော့
- ဤကမ္ဘာမြေ "တစ်" ခွင် တဲ့။
- စကြာဝဠာ "တစ်" ခွင် တဲ့။
- တိုင်း "တစ်" ပါး တဲ့။
ခေတ်သစ်မြန်မာစာ "အရာရှိကဝိ" တွေက တီထွင်လိုက်ပါတယ်။
မြန်မာစာ မှန်ကန်တိုးတက်ဖို့ရာ လူသာလျှင်ပဓာနပင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment