တခါသော်- မြန်မာတဦးနှင့် ပုဏ္ဏားတဦး ဘုရားခြင်း ပြိုင်ရာမှ အငြင်းပွားကြလေ၏။
ပုဏ္ဏား။ ။ "မင်းတို့ မြန်မာဘုရား တန်ခိုးကြီးလှဆို၊ ပမွှားပေါ့ကွာ၊ တို့ဘုရားကိုယ်တော် မပြောနှင့်တော့၊ ဟောသည် ဘုရားပင်တောင် အင်မတန် တန်ခိုးကြီးတယ်ကွ။"
မြန်မာ။ ။ "ဘုရားပင်ဆိုတာ- ဘယ်ဟာလဲ။"
ပုဏ္ဏား။ ။ "ဟောဒီ အပင်ပေါ့ဟု" ပင်စိမ်းပင်ကို လက်ညှိုးထိုးပြလေ၏။
မြန်မာ။ ။ "မင်းတို့ ဘုရားပင် တန်ခိုးကြီးလှဆို- ငါငပိချက်နှင့် တို့စားပြမယ်ကွာ" ဟု ပြောကာ၊ ပင်စိမ်းကို ငပိချက်နှင့် တို့စားပြလေ၏။
ပုဏ္ဏား။ ။ "တောက်— မင်းတို့က ဒီလို မိုက်မိုက်ကန်းကန်း၊ မင်းတို့ ဗမာမှာတော့ ဘုရားပင် ရှိရဲ့လား။" (လက်စားခြေလို၍ ပြောသည်)။
မြန်မာ။ ။ "တို့မှာလဲ ရှိတာပေါ့၊ ဟောသည် အပင်ဘဲ၊ မင်းတန်ခိုးမရှိဘူးထင်ရင် စမ်းကြည့်စမ်း" ဟုပြောပြီး ခွေးလေးသီးပင်ကို ပြလေ၏။
ပုဏ္ဏား။ ။ "ကဲ— မင်းတို့ဘုရားပင် တန်ခိုးကြီးလှ သိရောပေါ့၊ ဖင်ကြားညှပ်ပြမယ်" ဟု အားရပါးရပြောပြီး၊ ခွေးလေးသီးကို ဖင်ကြားညှပ်လေ၏။ အသည်း ခိုက်လောက်အောင် ယားလှပြီ။
ပုဏ္ဏား။ ။ "အလားလား— အား— လား— အား— မင်းတို့ဘုရားပင် တယ်တန်ခိုးကြီးပါလားကွယ်။"
မြန်မာ။ ။ "ဟား— ဟား— ဟား"
(ဦးကျောက်လုံး)
Listener's Heaven Audiobooks - အသံစာအုပ်
ကျေးဇူး။
မြန်မာစာသတ်ပုံမှန်ခေတ်က ဖြစ်ပါသည်။
(ဘုရားချင်း)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment