ပဲပြုတ်သည်မထား တေးသရုပ်ဖော် သီချင်း စာလုံးပေါင်းအမှန်လေး ရှင်းပြေပေးပါလားဗျ
လူကုံထံ မှန်။
ဟုတ် ကျေးဇူးပါဗျ။ ကလေးတွေ စာသင်နေတဲ့ကျောင်းကရေးတာ အမှားပေါ့နော် ဆရာ
ဘယ်ဟာကို မှားတယ်လို့ထင်ပါသလဲ။
ကုံ ကုန် လူကုံထံ ကိုလည်း postနဲ့ ရှင်းပြပေးပါလား ဆရာ။ကျေးဇူးပြုပြီး။ ကျွန်တော်က လူကုံတန်ပဲ ထင်နေလို့ပါဗျ။
လူကုံထံ = ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသူ ။
ကော်ဇောများကိုအဖိုးပေး၍လူကုံထံများဝယ်ယူသုံးစွဲခဲ့ကြသော်လည်း။ စွယ်ကျမ်း ၊ ၁။ ၂၅၃။
စပါးနှံ အဆန်ပြည့်၍ ငုံ့၊ လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့ ဆိုသည်မှာ စပါးနှံသည် အဆန်များ ပြည့်လာလေလေ အလေးချိန်ကြောင့် အောက်သို့ ငိုက်ကျလေလေ ဖြစ်သကဲ့သို့ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာ အမြော်အမြင် ကြီးမားလာလေလေ မိမိကိုယ်ကို နှိမ့်ချလေလေ ဖြစ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ရင့်ကျက်တည်ငြိမ်သော လူကြီးလူကောင်းတို့၏ စိတ်နေသဘောထားကို ဖော်ပြသည်။ အသိပညာ၊ အတွေ့အကြုံ၊ ဂုဏ်ပကာသန မြင့်မားလာလေလေ မာန်မာနကို လျှော့ချပြီး မိမိကိုယ်ကို နှိမ့်ချဆက်ဆံလေလေ ဖြစ်သင့်ကြောင်းကို သွန်သင်ထားသည်။ စပါးနှံ၏ ငုံ့ကျနေသော သဘောသည် ရင့်ကျက်မှု၊ ကြွယ်ဝမှု၊ နှိမ့်ချမှုတို့၏ သင်္ကေတဖြစ်သည်။ ဤဆိုရိုးစကားသည် လူတို့အား ရင့်ကျက်တည်ငြိမ်ပြီး နှိမ့်ချသော စိတ်ထားရှိရန် တိုက်တွန်းထားသည်။
(၂)
ဆရာ ထံကုန် ဆိုတာကို ဘယ်လိုအမှန်ပေါင်းရတာပါလဲရှင်။
ကုန်(ပြန်ပြီ)
ကုန်ကျစရိတ်
ကုန်ကြမ်း
ကုန်ကျွန်း
ကုန်ခန်း
ကုန်ချော
ကုန်ခြောက်ဆိုင်
ကုန်စလယ်
ကုန်စည်ဒိုင်
ကုန်စိမ်းသည်
ကုန်ဆုံး
ကုန်ထုတ်ကိရိယာ
ကုန်ထုပ်စက္ကူ
ကုန်ပုပ်
ကုန်သေးဆိုင်
ကုန်သည်
ကုံကုမံပင်
ကုံင
ကုံတွင်
ကုံထံ
ကုံရာသီ
ကုံလုံ
ထံတျာ
ထံဒျန့်
ထံသို့
ခက်ထန်
ထန်ထန်မာမာ
ထန်ပြင်း
ပြင်းထန်
ထံ နဲ့ ထံပါး
ဝိဘတ်တွေ ဖြစ်တယ်။ ဒါပေမဲ့ ကျောင်းသုံးသဒ္ဒါထဲက ဝိဘတ် (၁၇) မျိုးထဲမှာ ထံ ကို ထည့်မထားပါ။
ထံ = ဝိဘတ်။ ထံ တည်ရာ။ ရှိရာ။ အနီးအပါး။ အထံ။ နတ်မင်းထံဝယ်၊ ကျိုးနွံပြင်းစွာ၊ ပတ္ထနာဖြင့်။
နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုးရှိတယ်။
၁။ ကတ္တားဝိဘတ် − သည်၊ က၊ မှာ။
၂။ ကံဝိဘတ် − ကို။
၃။ ထွက်ခွာရာပြဝိဘတ် − မှ၊ က။
၄။ ရှေးရှူရာပြဝိဘတ် − သို့။
၅။ ဆိုက်ရောက်ရာပြဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်။
၆။ အသုံးခံပြဝိဘတ် − ဖြင့်၊ နှင့်။
၇။ အကြောင်းပြဝိဘတ် − ကြောင့်၊ ဖြင့်။
၈။ လက်ခံပြဝိဘတ် − အား။
၉။ နေရာပြဝိဘတ် - ၌၊ မှာ၊ တွင်၊ ဝယ်၊ က။
၁၀။ အချိန်ပြဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က။
၁၁။ ပိုင်ဆိုင်ခြင်းပြဝိဘတ် − ၏။
၁၂။ လိုက်လျောပြဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ။
၁၃။ ယှည်တွဲပြဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ။
၁၄။ ခွဲထုတ်ရာပြဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ။
၁၅။ ရည်စူးချက်ပြဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်။
၁၆။ နေရာဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်။
၁၇။ အချိန်ဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး။
ထံ နဲ့ ထံပါး အသုံးများပါတယ်။ စာအရေးအသားမှာ သုံးတယ်။
- ဘုရင့်ထံပါး ခစားသည်။
- ဦးဘထံ ပို့ပေးပါ။
- ဒေါ်လှထံသို့ ပို့ပါရန်။
စကားပြောရင်
- မောင်မောင်ဆီ သွားမယ်။
- မမြဆီပို့ပေးပါရှင့်။
- ကျေးဇူးပြု၍ ဦးကျန်းမာနှင့် ဒေါ်ချမ်းသာတို့ထံ ပို့ပေးပါရန်။
- သေမင်းထံပါး အရောက်မသွားမီ
- ဘုရားမြတ်ထံပါးဝယ် လျှောက်လည်ကြတယ် နှစ်ယောက်သားတွဲလို့ ရင်ပြင်ပေါ်ဝယ် ဘဝသံသရာအဆက်ဆက် မပျက်တမ်းပေါင်းပေါင်းရစေသားလို့ ဆုပန်ရွယ်ကြသေးတယ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment