Typing era စာရိုက်မှာတာ၊ ကျနေခဲ့တာ စသဖြင့်။ ကျေးဇူး။
အဲလိုကတော့ ကျွန်တော်လည်း သိပါတယ်။ အဲလောက်အတွက်နဲ့တော့ စာဖွဲ့မနေပါ။
ကျွန်တော့်ရဲ့ ၁၁ နှစ်ကြာ လေ့လာမှုအရ စာရေးမှားနည်း အမျိုးမျိုးတွေ့ပါတယ်။
အထက်ကလို စာရေးတာမှာ ကီးဘုတ် ကြောင့်ဖြစ်စေ၊ အမှတ်မထင်ဖြစ်စေ၊ အသတ်၊ ဝစ္စပေါက်၊ အောက်မြစ်၊ ရရစ် တခုခုကျနေခဲ့တတ်ခြင်းဟာ စာကိုမှန်အောင် မရေးတတ်လို့ မဟုတ်ပါ။ အမှတ်မထင် ဖြစ်လေ့ရှိပါတယ်။
တင်ထားတဲ့စာကို ဒီဇိုင်းလုပ်တတ်သူက တင်တာ။ ကျွန်တော် အခုထိ ဒီဇိုင်း မလုပ်တတ်။ အေအိုင်ပုံ မလုပ်တတ်ပါ။
စာရေးမှားတာကို
တချို့က ကလေးတွေထင်တယ်
တချို့က အတန်းပညာနည်းလို့ထင်တယ်
တချို့က အမြန်ရေးလိုက်တာပါ
တချို့က အလွယ်ရေးလို့ပါ
စသဖြင့် ကွန်မင့်တွေ ပေးကြပါတယ်။
မကြာခဏ တင်ပြထားပါတယ်။ ကျွန်တော် ကျန်းမာရေးမေးတာတွေကို ဖြေနေတာ ၁၅ နှစ်ကြာပြီ။ မေးခွန်းရေးသူတွေရဲ့ အသက်၊ ကျား၊ မ တွေကိုသာမက နေရပ်၊ ရာထူး၊ ပညာရေး စတာတွေပါ သိရတယ်။ တကယ်ကို မှန်အောင်မရေးတတ်သူက များတယ်။
နောက်တချက်
အလွယ်ရေးတာမဟုတ်ဘဲ တမင်တကာမှားအောင်ရေးသူမျိုးတွေလည်း ရှိတယ်။ မှားအောင်ရေးရတာအတွက် သူတို့ကိုယ်သူတို့ ဂုဏ်တရပ်လို့ထင်နေတဲ့ စိတ်အခြေအနေတရပ် ဖြစ်ပါတယ်။ Need for Uniqueness (NfU) လို့ခေါ်တယ်။
နောက်တချက်
မှန်အောင်မရေးတာကို စင်ပေါ်တက်ကပြသလိုလုပ်ကြခြင်း
လူတိုင်းလိုလို ကိုယ့်အခန်၊ ကိုယ့်အိမ်မှာ စွပ်ကျယ်နဲ့ နေလေ့ရှိပါတယ်။ အပြင်ထွက်ရင် သင့်တော်တာကို ဝတ်ကြရတယ်။ ပွဲလမ်းဆိုလည်း ပိုပြီးသင့်တော်တာကို ဝတ်ဆင်ကြရပါတယ်။
မနေ့က တင်ပြတဲ့ အမှားစာမျိုးဟာ ပြည်ထောင်စုနေ့ ဂုဏ်ပြုသီချင်း။ ပြည်ထောင်စုနေ့ကိုလည်း ဂုဏ်နည်းစေတယ်။ ပုံထဲက အဆိုတော်တွေကိုလည်း ထိခိုက်စေပါတယ်။
နောက်တချက်
အထက်ကပုံကို ကြည့်မိသူ၊ သီချင်းကို နားထောင်သူ မနည်းလောက်ပါ။ ပြင်ပေးသူ မတွေ့မိပါ။ ရှိရင်လည်း မသိသေးပါ။
အမှတ်တမဲ့ မှားပါပြီတဲ့ ပြန်ပြင်သူ မရှိသလောက် ရှားတယ်။ ထောက်ပြသူလည်း မတွေ့ရသလောက် နည်းတယ်။
အမှားကို မသိသူတွေများတာ တိုင်းပြည်အတွက် မကောင်းပါ
အမှားကို ပြင်ပေးရကောင်းမှန် မသိသူတွေများတာလည်း မြန်မာစာအတွက် မကောင်းပါ။
အမှားဘက်ကနေ အခမဲ့ရှေ့နေတွေများတာလည်း မြန်မာ့လူ့အသိုင်းအဝိုင်းအတွက် မကောင်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment