သံယောဇဉ် = ဝဋ်သုံးပါး၌ စပ်ယှဉ်စေတတ် ဖွဲ့ချည်တတ်သောတရား။ တွယ်တာတတ်သောသဘော။ နှောင်ဖွဲ့တတ်သောအရာ။ ချစ်ခင်မှုဟူသည့်အရာထက်ရိုးရှင်းသော။ မောင်တို့မှာသာသံယောဇဉ်ရှိတာမဟုတ်။ ရွှေပြည်၊ ပ။ ၈၂
သံယောဇဉ် ၁၀-ပါးကို သုတ္တန်နည်းနှင့် အဘိဓမ္မာနည်းဟူ၍ ယေဘုယျအားဖြင့် ခွဲခြားနိုင်သည်။ သတ္တဝါ အပေါင်းတို့အား ထိုထိုဘဝမှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရားဆယ်ပါး ဟူ၍ အနက်ရရှိသည်။
"သံယောဇဉ်"
ရေး -ဗိုလ်ကလေးတင့်အောင်
ဆို - မြသက်မူ
ပြန်ဆို - မာမာအေး
သံယောဇဉ်
သံ ယော ဇဉ်
စကားလေးသုံးခွန်း မို့
ညွှန်းစေချက်လဲ နည်း မယ်ထင်
တကယ့်ကို တွေးပြန်တော့
မသေးတဲ့အားအင်
ကမ္ဘာခွင်တခုလုံး
သိမ်းကျုံး ပြုပြင်
သူခိုင်းစေသမျှထာဝစဉ်
လူတိုင်းနေရတာပင်
အာသဝေါ ကုန်ငြား
ဘုရားမြတ်အရှင်
အရိယာ သူတော်စင်တို့ ကလွဲရင်
သံယောဇဉ် နှောင်ကြိုး မျှင်
ဇွတ်တိုး ငင်
မေတ္တာနွယ် ပန်း
ဆင်မြန်းမိရင်
အမှားအမှန်ဝေဖန်ပေး
ဦးနှောက်နဲ့တွေး
ရေးရေး မျှမမြင်
အသည်းနှလုံးကဧကန်
စီမံရာသဘော
လိုက်ရောရတာပင်
သံယောဇဉ် သံယောဇဉ်
သံယောဇဉ်
သံ ယော ဇဉ်
စကားလေးသုံးခွန်း မို့
ညွှန်းစေချက်လဲ နည်း မယ်ထင်
တကယ့်ကို တွေးပြန်တော့
မသေးတဲ့အားအင်
ကမ္ဘာခွင် တခုလုံး
သိမ်းကျုံး ပြုပြင်
သူခိုင်းစေသမျှထာဝစဉ်
လူတိုင်းနေရတာ ပင်
အာသဝေါ ကုန်ငြား
ဘုရားမြတ်အရှင်
အရိယာ သူတော်စင်တို့ ကလွဲရင်
သံယောဇဉ် နှောင်ကြိုး မျှင်
ဇွတ်တိုး ငင်
မေတ္တာနွယ် ပန်း
ဆင်မြန်းမိရင်
အမှားအမှန်ဝေဖန်ပေး
ဦးနှောက်နဲ့တွေး
ရေးရေး မျှမမြင်
အသည်းနှလုံးကဧကန်
စီမံရာသဘော
လိုက်ရောရတာပင်
သံယောဇဉ် သံယောဇဉ်။ ။
မြသက်မူ - သံယောဇဉ် https://www.youtube.com/watch?v=ka22EmkSiJQ
(သီချင်းနောက်ခံစာသားတွေ သတ်ပုံမှားနေသည်။)
သီချင်း နောက်ခံစာသား သတ်ပုံမမှန်ပါ။ မူရင်းစံကိုက်မြန်မာစာအပေါ် သံယောဇဉ်မထားကြသူတွေများတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment