- သရုပ်ဆောင် ဂန္တဝင် ရဲ့အလှပုံရိပ်တွေပါ။ (ဂန္ထဝင်လို့ ရေးရတယ်။)
- ဂန္တဝင် (အိခိုင်ဇင်) နှင့် ကိုသန်းဇော်အေး တို့ရဲ့ (ဂန္ထဝင်လို့ ရေးရတယ်။)
ဂန္ထဝင် ဆိုသည့် စကားလုံးမှာ ပါဠိဘာသာမှ မွေးစားထားခြင်းဟု ယူဆနိုင်သည်။ အလွန်ရှေးကျသော အရာတခု၊ ယနေ့ထိတိုင်အောင် ပစ်ပယ်မထားနိုင်ပဲ ၎င်းနှင့် အမြဲ ချိန်ထိုးနိုင်ရန်အတွက်အထိ အရေးပါသော အရာဝတ္ထုတခု သို့မဟုတ် အကြောင်းအရာတခု ဖြစ်သည်။ ထို့ပြင်၎င်းစကားလုံး၏ အဓိပ္ပါယ်ကို အစဉ်ထာဝရ လေးစားထိုက်သော သို့မဟုတ် အမြဲတစေ ချိန်ထိုးရန်အတွက် အကောင်းဆုံးသော စံ ဥပမာတခုကို ဆိုလိုနိုင်သည်။ မြန်မာဘာသာတွင် နာမ် ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာတွင်မူ ဝိသေသနဖြစ်သည့်အပြင် တခါတရံ နာမ်အဖြစ် တွေ့ရသည်။
ဂငယ် နငယ်-ပါဌ်ဆင့် ထဆင်ထူး တို့ဖြင့် ဂန္ထဝင် ဟု စာလုံးပေါင်းရသည်။ ဂံဓဝင် ဟု အသံထွက်ရသည်။ အများစု မှားရေးကြသလို တဝမ်းပူ-ဂန္ထဝင် မဟုတ်ကြောင်း သတိပြုပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment