ထန်းလျက် အသံထွက် ထန်းလယက်/ထညက်
စာလုံးပေါင်းဆိုတာ စာရေးတဲ့အခါ လိုက်နာရေးသားရပြီး အသံထွက်ဆိုတာ စကားပြောတဲ့အခါ လိုက်နာပြောဆိုရပါတယ်။
အသံထွက်တိုင်းက စာလုံးပေါင်း မဟုတ်ပါ။
စာလုံးပေါင်းနဲ့ အသံထွက် ထပ်တူမကျတာတွေ ရှိတယ်။
ဒေသီယစကား ခေါ် ဒေသသုံးစကားလုံးတွေကလည်း အသံထွက်သာ ဖြစ်တယ်။ ဒေသသုံးအသံအတိုင်း စာနဲ့ရေးတာကို စာလုံးပေါင်းသတ်ပုံမှန်လို့ ယူဆလို့ မရနိုင်တာတွေ ရှိတယ်။
ဘန်းစကား ခေါ် ခေတ်စကားတွေကိုလည်း စာနဲ့ရေးတဲ့အခါ သတ်ပုံမှန်ရတယ်။
သီချင်းစာသားနဲ့ သီချင်းဆိုသံ တချို့နေရာတွေမှာ မတူပါ။ ခေတ်ဟောင်းသီချင်းကောင်းတွေကို နောက်လူတွေက သူတို့ထင်သလိုအသံထွက်နဲ့ဆိုတော့ သီချင်းကောင်းတွေ ပျက်ကုန်တယ်။
ကာတွန်းတွေမှာနဲ့ ရယ်စရာပြောဆိုတဲ့အခါ စံကိုက်သတ်ပုံနဲ့ မညီတာမျိုးလည်း သုံးကြလေ့ရှိတယ်။ အဲလိုသုံးတာတိုင်းကလည်း စာလုံးပေါင်းသတ်ပုံမှန် မဟုတ်ပါ။
ခေတ်ကတော့ မှန်တာကို တင်ပြရင် လက်ခံနိုင်စွမ်းရှိသူ နည်းလာနေတယ်။
အမှန်တိုင်း စာရေးရောင်းရင် ဝယ်သူနည်းနိုင်တာယ်။
မဟုတ်ကဟုတ်ကဆိုရင် လူကြိုက်များတဲ့ခေတ်။
မှားပြော၊ မှားရေး၊ မှားလုပ်သူတွေ ရာထူး၊ နေရာ၊ အာဏာရတဲ့ခေတ်။
Burmese toddy sweets (ထန်းလျက်) https://burmese-spelling.blogspot.com/2026/02/burmese-toddy-sweets.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment