ဆရာရှင့် စ နဲ့ ဆ အသံထွက် ကွဲပြားပါသလားရှင့် ကွဲပြားရင် ကွဲပြားခြားနားပုံလေး သိချင်ပါတယ်ရှင့်စ အသံထွက်ဥပမာများ
စ အသံထွက် စာ့။
စက - ဇဂါ့
စကာ - ဇဂါ
စကား - ဇဂါး
စကေး - စကေး
စကော - ဇဂေါ
စကြာ - စက်ကျာ
စခန်း - စခန်း
စတုဂံ - စတုဂန်
စတုဒိသာ - စတုဒီသှာ
စနစ် - စနစ်
စပါး - ဇဗား
စပါးလင် - ဇဗလင်
စမူဆာ - စမူဆာ
စာကလေး - စာဂလေး
စာကြောင်း - စာဂျောင်း (မျဉ်း)
စာကြောင်း - စာကျောင်း (ဆရာကဆို)
စာမေးပွဲ - စာမေးဗွဲ
စား - စား
စီ - စီ (တယောက်စီ)
စီး - စီး (ဆင်စီး၊ ကားစီး)
စီးပွားရေး - စီးဗွားယေး
စီးဖြန်း - စီးဗျန်း
စုတေ - စုတေ
စူ - စူ (မို့မောက်)
စူးစိုက် - စူးဇိုက်
စေခိုင်း - စေခိုင်း
စေတီ - ဇေဒီ
စော်ကား - စော်ဂါး
စံပယ် - ဇဗယ် (ပန်း)
စံပယ် - စန်ပယ် (တင့်တယ်သည်)
စို - စို (ရေ)
စိုး - စိုး (စိုးမိုး)
ဆ အသံထွက်ဥပမာများ
ဆ - ဆာ့
ဆရာ - ဆယာ
ဆာလောင် - ဆာလောင်
ဆား - ဆား (ငန်)
ဆီ - ဆီ
ဆီချက် - ဆီဂျက်
ဆီး - ဆီး
ဆီးစ - ဆီးဇာ့
ဆီးချို - ဆီးချို
ဆီးသီး - ဇီးသှီ
ဆုပေး - ဆုပေး
ဆုတောင်း - ဆုတောင်း
ဆူးပုပ် - ဆူးဗုတ်
ဆေးစာ - ဆေးဇာ
ဆော့ - ဆော့ (လှုပ်ရှား)
ဆော် - ဆော် (တီးသည်)
ဆိုး - ဆိုး (မကောင်း)
ဆက်တိုက် - ဇက်တိုက် (အဆက်မပြတ်)
ဆင့် - ဆင့် (တခုပေါ်တခု တင်သည်။)
ဆောင်း - ဆောင်း (ဥတု)
အာထွာစောင်းသည် အာထွာစောင်း မဟုတ်။
ကင်ဆာ သည် ကင်စာ (မီးကင်) မဟုတ်။
စလုံး ဆလိမ် https://burmese-spelling.blogspot.com/2023/10/blog-post_203.html
စလုံးနဲ့ ဆလိမ် သားလေးစာဖတ်ချိန် https://burmese-spelling.blogspot.com/2024/03/blog-post_85.html
Dr. တင့်ဆွေ


Comments
Post a Comment