ပြန်စာ
1-2-3 တွေကို ၁-၂-၃ လို့ပြင်လိုက်ပါတယ်။
ကျွန်တော်က ပြည်ပမှာသာနေရလို့ မသိပါ။
အရင်ကတော့ စားစရာတွေနဲ့ စာအုပ်တွေ လိုချင်တာရှိရင် ပြည်တွင်းကို လှမ်းမှာယူလို့ မခက်လှပါ။
စာအုပ်ဆိုတာလည်း စာလုံးပေါင်းသတ်ပုံမမှန်တဲ့ အသစ်တွေကို မလိုချင်၊ မဖတ်ချင်ပါ။
စာအုပ်ဟောင်းတွေကိုတော့ မကြာခဏ မှာရတယ်။ စာအုပ်ဖိုးထက် သယ်ယူစရိတ်က အဆမတန်ကြီးတယ်။
ပြည်တွင်းမှာ စာအုပ်ဆိုင်၊ စာအုပ်အဟောင်းဆိုင်တွေအများကြီးရှိတယ်။ အွန်လိုင်းကနေလည်း ကြော်ငြာထားကြပါတယ်။
စာအုပ်ကောင်းတွေကို ပြန်ထုတ်တာနည်းတယ်။ ရသစာအုပ်တချို့ကိုသာ ပြန်ထုတ်တာတွေ့ရတယ်။
ဂန္ထဝင်စာအုပ်တွေ၊ သမိုင်းနဲ့ သုတစာအုပ်တွေကို ပြန်ထုတ်တာ မတွေ့မိပါ။
ရှေးစာကဗျာများ စာမျက်နှာကနေ pdf ဖိုင်တွေလုပ်ပေးနေတာ အလွန်မတန် ကျေးဇူးကြီးတယ်။
တချို့သော pdf ဖိုင်လုပ်သူတွေကတော့ စာပေကို ဖျက်ဆီးကြတယ်။
မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို pdf ဖိုင်လုပ်တော့ မူရင်းစာအုပ်တွေထဲက စာလုံးပေါင်းသတ်ပုံတချို့ကို ပေါ်လစီမူနဲ့ ပြင်ထားကြတယ်။ ဘယ်လိုပြင်ထားသလဲဆိုတာ တွေ့မိသမျှကို တင်ပြထားပါတယ်။ မလုပ်ကောင်းတာကို လုပ်တာဖြစ်တယ်။
ဖျက်ဆီးရေးကို ကြိုးစားပမ်းစားလုပ်ကြတာဖြစ်တယ်။
ကျွန်တော်တို့တိုင်းပြည်မှာ ဖျက်ဆီးရေးအတွက် ငွေ၊ လူ၊ အချိန်ပေးနေသူက များတယ်။
အဲလို မှားအောင်ပြင်စာအုပ်လောက်ကိုသာ သင်ဘူး၊ ဖတ်ဘူးသူတွေက မူရင်းအမှန်ကို ထောက်ပြတိုင်းမှာ တီကောင်ကို ဆားနဲ့တို့သလို မခံနိုင်ကြရှာ။ ကန်တော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment