Skip to main content

"လူလည်း တထွေ၊ ရေလည်း တခြား"

(ရသစာတမ်း မင်းသုဝဏ်)

မီးဖိုထဲတွင် မီးလျှံတို့သည် တိုးဝှေ့ခုန်ကလျက်။ ဆောင်းလေကြမ်းသည် မှောင်ထဲတွင် ဟိုတိုက် သည်ခိုက်ကာ မီးခိုးခေါင်းတိုင်တွင်းသို့ ရောက်လာ၍ မီးခိုးငွေ့တို့နှင့် သတ်လုံးလျက်။ ငါကား မီးဖိုနားတွင် အိပ်ငိုက်လျက်။   ။

သူတို့စကားကို ကြိုးစား၍ ငါနားထောင်၏။ နားမလည်နိုင်။ တချက်တချက် တခဏမျှ တွေးယူမှ အနည်းငယ် နားလည်သည်။ တချက်တချက် နားလည်ကျွန်ပြုကာ သူပြုံးလျှင် ပြုံးချင်း၊ သူမဲ့လျှင် မဲ့ခြင်း ပြုံးမဲ့လိုက်ရသည်။ အရသာ မရှိ။ ငါ့စကားကိုလည်း ထိုနည်းတူ သူတို့ မှတ်ယူအံ့။   ။

ငါတို့ကား မိရိုးဖလာ အလိုက် ထမင်းစားပွဲတွင် လူကြီးအား ဦးချ၏။ ဦးပေါင်းကို ပေး၏။ သူတို့ကား စားမဲအုပ်ကို ငါ့ထံသို့ ဦးစွာပို့သည်။ တခါတခါ ငါမျိုမကျ။ ငါ ခူးခပ်ပြီး အကြွင်းကို လူကြီးသူမများ စားရသည်။ ခက်စွ။   ။

ငါတို့ကား ဟင်းရည်ကို သောက်ကာ ဟင်းဖတ်ကို မြှပ်ကာ အလုပ်အလွေး စားရိုး။ သူတို့ကား ဟင်းရည်ကို အကုန်သောက်ပြီးမှ အသားပြုတ် စသည်ကို စား၏။ ဆားလည်းမသင့်။ ဆီလည်းမသင့်။ မန်ကျည်းမှည့် အရသာကို တမ်းတမိသည်။ ထမင်းဖြူဖြူ ဟင်းပူပူကို လွမ်းတမိသည်။   ။

ငါတို့ကား ကိုယ့်သဘောအလျောက် ဟိုပန်းကန် လှမ်းယူ။ သည်ပန်းကန် လှမ်းနှိုက်။ ကိုယ်မြိန်သလို ကောင်းနိုးရာရာ ကြံဖန်စားကြ၏။ လွတ်လပ်စွ။ သူတို့ စားပွဲတွင်ကား "ကျေးဇူးပြု၍ ဆားအနည်းငယ် ယူပါရစေ"၊ "အခွင့်လွှတ်ပါ"၊ "ကျေးဇူးတင်ပါ၏" တို့ကို ထပ်တလဲလဲ မပြောလျှင် ဝမ်းမဝ။ ဤလောကွတ်စကား တို့လည်း ငါ့နှုတ်မှ အလိုအလျောက် မထွက်။ ကြိုးစား ကြံစည် ပြောနိုင်မှ အထစ်ထစ် အငေါ့ငေါ့ ထွက်ကြသည်။ "ကျေးဇူးတင်ပါ၏" ဟု လုပ်၍ ပြောရခြင်းထက် အကြောင်းအားလျော်စွာ ပြုံး၍ ပြရခြင်းက မြတ်သလိုလို။ ငါ မဆုံးဖြတ်တတ်။   ။

ငါ့စကားကို သူတို့စကား ဖြစ်အောင် စိတ်ထဲတွင် ဘာသာပြန်ကာ ထုတ်၍ ပြောရခြင်းသည် မလွယ်ကူ။ သူတို့စကားကို ငါ့စကား ဖြစ်အောင် ဘာသာပြန်ကာ နားလည်ရသည်လည်း ခက်စွ။ "ဘုန်းကြီး" ဆိုသော ငါ့စကားကို သူတို့ နားလည်အောင် ငါ ဘာသာမပြန်တတ်။ သူတို့ စကားတလုံးကို ငါ့သဘောအလျောက် "နတ်" ဟု ဘာသာပြန်ကြည့်သောအခါ မမှန်သည်ကို တွေ့ရ၏။   ။

မိုးသောက်ထမှ အိပ်ရာဝင် တိုင်အောင် သည်ကိုယ် သည်လက် သည်ခြေထောက်တို့ကို ထုပ်ကာ ပတ်ကာ ချည်နှောင်ကာ ထားရခြင်းလည်း ကျဉ်းကျပ်စွ။ ကျောတောင့် ရင်အောင့် မသက်သာ။ သိုးမွေးထည်ကား ယားကျိကျိ။ ဆောင့်ကြောင့်လည်း မထိုင်ရ။ ခြေလည်း မဆင်းရ။ ကျောလည်း မခင်းရ။ တနေ့လုံး ငုံ့ချည်မှီချည် တွန့်ကာ လိမ်ကာ နေရခြင်းသည် မချမ်းသာ။ လူကွယ်ရာတွင် တင်ပျဉ်ချိတ်ရန် ကြိုးစားပြန်လည်း ဘောင်းဘီက အခွင့်မပြု။  ။

ဟိုအရပ် သည်အရပ် လည်ပတ်ပြန်လျှင်လည်း ကလေးများက ဝိုင်းကြည့်။ လူကြီး အချို့က အမှတ်မဲ့ပြုံး။ လူရိုးရိုး မှန်ပါလျက်နှင့် အကြည့်ခံရခြင်းသည် ဆိုးစွ။  ။

တံခါးတွေ အလုံပိတ်ကာ အိမ်ထဲ၊ အခန်းထဲတွင် လှောင်၍ နေရခြင်းလည်း မွန်းလှ၏။   ။

သူတို့ ဓလေ့ထုံးစံကို သတိထားပြန်လျှင်လည်း ငါ့အလုပ် လစ်ဟင်းသည်။ ငါတို့ ဓလေ့အလိုက် နေပြန်လျှင်လည်း သူတို့ အပြုံးကို ခံရ၏။ ငါတို့ဓလေ့ကို သူတို့ ဂရုမပြု။ သူတို့ဓလေ့ကို ငါတို့ ဂရုပြုရသည်။ ငါတို့ ဝန်ထုတ်ကား လေးလှစွ။ အဖြူလည်း အဝါ့အကြောင်း၊ အဝါလည်း အဖြူ့အကြောင်းကို နားလည်အောင် ကြိုးစားက မသင့်ပေလော။ ဆန်လည်း ဆန်အလျောက် အာဟာရကို ပေးသည်ပင်။ဂျုံလည်း ဂျုံအလျောက် အာဟာရကို ပေးသည်ပင်။   ။

မီးဖိုထဲတွင် မီးလည်း ဖုတ်ဖုတ် ကျလေပြီ။ ဆောင်းလေကြမ်းလည်း ငြိမ်လေပြီ။ ညဉ့်လည်း နက်လေပြီ။ ငါလည်း ရေနွေးအိတ်ကို အဖော်ပြုကာ ထူလှသော စောင်လွှာများအောက်သို့ လျှိုးဝင်လျက် လှောင်သော အခန်းထဲတွင် အိပ်ပျော်ရန် ကြိုးစားရလေသတည်း။   ။ (မင်းသုဝဏ်)

#ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...