ကွန်မင့်တခု = အဲ့ဒီလို အရေးအသားကို လူငယ်အများစု ရေးကြတယ် ဆရာ တဲ့။
အဲလိုထင်တာ နည်းနည်းသာ မှန်ပါသည်။ ၁၁ နှစ်ကြာ လေ့လာမှုအရ တကယ်က်ို မှန်အောင် မရေးတတ်သူတွေက အများစုဖြစ်
ပါသည်။ ကလေးတွေလို့ ထင်တာလည်း မမှန်ပါ။ အတန်းပညာနည်းလို့ ထင်တာလည်း အမှန်ပါခင်ဗျား။
ကျန်းမာရေးမေးခွန်းတွေမှာ စာကိုမှန်အောင်မရေးသူတွေရဲ့ အသက်၊ ကျား-မ သိပါတယ်။ တချို့ဆိုရင် ပညာ၊ အလုပ်အကိုင်၊ ရာထူး၊ မြို့ရွာအမည်၊ လူမျိုးစု စတာတွေကိုပါ သိပါတယ်။
တွေ ကို တေ၊ ပါပြီ ကို ပါပီ၊ ဖြစ် ကို ဖစ်၊ မှာကို မာ စသဖြင့်ရေးနေသူတွေကို အသက်အပိုင်းအခြား မေးမကြည့်ဘူးသေးပါ။ အထင်နဲ့ပြောရတာ တခါတခါလွဲတတ်တယ်။
မြန်မာစာဘာ့ကြောင့် မှားရေးကြသနည်းကို လေ့လာမှုလုပ်တော့ ကွန်မင့်ကနေ ခပ်လွယ်လွယ်ပြောကြတာတွေနဲ့ မတူတာကို သိလာရတယ်
အလွယ်ရေးလို့၊ တိုင်းရင်းသားထင်တယ်၊ အတန်းပညာနည်းလို့ စသဖြင့် ထင်တာတွေ မမှန်ပါ။
ပညာတတ်ဆိုသူ ရွှေဗမာတွေ အများကြီးမှားကြတယ်။
တခု၊ တကောင်၊ တယောက်ကို စသတ်ခြင်းဟာ အလွယ်ရေးတာ မဟုတ်ပါ။
စိုင်းခမ်းလိတ်ရေးတဲ့သီချင်းတွေ သတ်ပုံ မှန်တယ်။
စာအုပ်တိုက် ၉၉% က မှန်အောင်ရေးခဲ့တာတွေကို မှားအောင်ပြင်ထုတ်နေကြတယ်။
အလွန်ရောင်းကောင်း၊ အင်မတန်လူကြိုက်များတဲ့ စာအုပ်တွေမှာ တဝမ်းပူကို မှန်အောင် မရေးတတ်ကြပါ။
မြန်မာစာအဖွဲထုတ် ၁၉၉၁ မြန်မာအဘိဓာန်မှာ အမှားတွေပါနေတယ်။
ကျောင်းသုံးစာအုပ်တွေမှာ အမှားတွေ ပါနေတယ်။
ကျောင်းစာမေးပွဲမေးခွန်းတွေမှာ အမှားတွေ ပါနေတယ်။
အချက်အလက်မှန်နဲ့ အနီးစပ်ဆုံးရအောင် စနစ်တကျလေ့လာရပါမယ်။ ယေဘုယျအားဖြင့် -
- ကျား-မ မရွေး၊ ကြီးငယ် မရွေး မှားရေးနေကြသည်။
- မှားရေးမှ အမှတ်ရသည်။ စာပေဆုရသည်။ လူကြိုက်များသည်။
- မှားရေးမှ ရောင်းရသည်။ ဝယ်ကြသည်။
- မှားတာကို သာယာနေကြသည်။
စာရေးမှားနေကြခြင်းအပေါ် သုံးသပ်ချက် https://burmese-spelling.blogspot.com/2024/09/blog-post_930.html
ကျောင်းစာအုပ် စာမေးပွဲမေးခွန်း မှားရေး မှားထုတ် https://burmese-spelling.blogspot.com/2023/02/blog-post_198.html
မြန်မာစာရေးတာ ဘာကြောင့်မှားကြသနည်း https://burmese-spelling.blogspot.com/2022/09/blog-post_86.html
စာကို ဘာ့ကြောင့် မှန်အောင်မရေးကြသနည်း https://burmese-spelling.blogspot.com/2024/06/blog-post_709.html
မြန်မာစာကို အဘယ်ကြောင့် မှားရေး မှားရိုက်နေကြသနည်း https://burmese-spelling.blogspot.com/2024/09/blog-post_404.html
မြန်မာစာပြဿနာဖြစ်နေတာက တ နဲ့ တစ် သာ မဟုတ်ပါ https://burmese-spelling.blogspot.com/.../blog-post_347.html
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment