တင်ထာတဲ့စာ = ရုပ်ရှင် တစ်သ၊က်တာဆု ဘယ်တော့ ရမလဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တစ်သ၊က်တာ ဆုက ကိုယ့်ကို မှီမလား ကိုယ်ပဲ အရင် သွားရမလား မသိသေးတော့ ချီတုံချတုံ ဖြစ်မိပါတယ်
မှတ်ချက်
ပုံအတွက် ကျေးဇူး။
(၁)
စသတ်အပိုကိုတော့ နိုင်ငံတော်မူလုပ်ထားတာ ၁၉၈၆ ခုနှစ်ကတည်းက။ လူအများစု အဲလို အမိန့်နဲ့ ခိုင်းစေထားတာကို အဟုတ်မှတ်နေကြတယ်။
နားလည်၊ တတ်သိ၊ လက်ခံရေးသားသူ ၅-၁၀% လောက်သာရှိသေးတယ်။
အမှန်ကိုလက်ခံသူအရေအတွက် တိုးတက်လာနေပါတယ်။
(၂)
ပုဒ်ထီး ခေါ် ပုဒ်ကလေးကိုတော့ စကားစုတခုနောက်ကနေ ထည့်ရတယ်။
ပုဒ်မ ခေါ် ပုဒ်ကြီးကို ဝါကျမဆုံးသေးဘဲ မထည့်ရပါ။
ပုဒ်မ ခေါ် ပုဒ်ကြီး ပြီးရင် တကွက်ခြာ သို့မဟုတ် တပိုဒ်အောက်ချရတယ်။
ပုဒ်ထီး ခေါ် ပုဒ်ကလေး ပြီးရင် တကွက်ခြာရတယ်။
အလယ်တန်းရောက်ရင် မြန်မာစာစာသဒ္ဒါ သင်ပေးပါတယ်။
ဆယ်တန်းအောင်ရင်တော့ ယတိဘေဒ ခေါ် ပန်ကျူယေးရှင်း တတ်ပြီ။
ပုံထဲကလို မှန်အောင်မရေးခြင်းဟာ အလွယ်လေး ရေးလိုက်တာမဟုတ်။ အချိန်မရလို အမြန်ရေးတာလည်း မဟုတ်၊ ကလေးလည်း မဟုတ်လောက်ပါ။ အတန်းပညာနည်းသူလည်း မဟုတ်လောက်ပါ။ လူပေါင်း ၃၄၃ ယောက်က 'လိုက်' လုပ်ထားတယ်။ ထောက်ပြတာ မတွေ့မိပါ။
(၃)
ဆရာအောင်သင်း လဲလျောင်းတဲ့နေရာ ကျောက်ပြားမှာ "အမျိုးသား စာပေ တသက်တာဆု" လို့ ရေးထားပါတယ်။
ဆရာခင်ဗျား လူငယ်တွေ ရွှေချဖို့နေနေသာသာ လူကြီးတွေပါ ပုဒ်မ မချတတ်ကြတော့ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment