မောမြေ မောမြေ ကလောအခြေ အရောက်သွားလို့တထောက်နားစို့ကိုယ်မှာ ခရီးသည်။
တရွေ့ရွေ့ရစ်ကာ ထွေးထွေးသစ်လာ ချစ်စရာရထားလေးနဲ့ခင်မင်စရာကွယ်
ဟိုတကွေ့ဒီတကွေ့မမေ့နိုင်စရာတကယ် ဖူးငုံသစ်စ ပွင့်အလှ ချယ်ရီတွေနဲ့ရယ်
တောင်တန်းလေးတွေစီသွယ် အမှောင်လမ်းလေးတွေဆီဝယ်
ပြည်ညောင်တထောက်နားမှ ရွှေညောင်အရောက်သွားမယ်
သွားမယ် ခရီးသည် ခရီးသည်။
အစဉ်ချိုပြုံး ပင်ကိုယ်လုံးမှပွင့်ကြတယ် ချယ်ရီပန်းကလေးများ
နမ်းထွေးစရာ စမ်းတွေးရာ ပျော်မယ်ကြံဆဲမှာလည်းကွယ်
သပြေညောင်ထောက်စဉ်ကွယ် ရွှေညောင်ရောက်ရင်တကယ်
မောဧကရီ ကေသီ ဒေဝီတင့်တယ် လွယ်ပလိုင်းနဲ့တကယ်မရိုင်းတဲ့
နယ်ကျမိုင်းတို့ပြည်ကကွယ် စလွယ်သိုင်းနဲ့ညီညာလှပါတယ်။
ကလောအလွန်တဘူတာဝယ်တွေ့ခဲ့ကြရတယ် မောအမွန်သူဇာနွယ် မမေ့တဲ့ဘ၀၀ယ်
ကလောအလွန်တဘူတာဝယ်တွေ့ခဲ့ကြရတယ် မောအမွန်သူဇာနွယ် မမေ့တဲ့ဘ၀၀ယ်
ရုတ်တရက်ထွက်ခွါ နှုတ်ဆက်လျက်သာ လက်ကလေးဝေ့ကာရမ်းကာ
ကလောအလွန်စခန်းကခွါလေတယ်။
မှတ်ချက်
လှတယ်လို့ပြောတဲ့ ကလော။ ကလောအလွန်တဘူတာ သီချင်းကလည်း သတ်ပုံမှန်တယ်။ ရောက်ဖူးချင်သေးတယ်။
ဒေါက်တာတင့်ဆွေ
၂-၂-၂၀၁၉

Comments
Post a Comment