ဆရာ "တတ်သသူ" ဆင်တတ်သသူ မြင်းတတ်သသူ၏အဓိပ္ပါယ် သိချင်မိ
တတ်သသူ = တတ်သောသူ
"ကြောက်ကိုးရဲကိုး"
ကြောက်တတ်သသူ ကြောက်ရေးယူ၏
ရဲမူရဲကိုး ရဲစွတ်တိုး၏
ကြောက်ကိုးရဲကိုး ထိုနှစ်မျိုးလည်း
အကျိုးမလှ ပျက်ကြောင်းမျှတည်း။ (မဃဒေဝ)
"ကြောက်တတ်သသူ ကြောက်ရေးယူ၏" ဆိုသည်မှာ ကြောက်ရွံ့တတ်သောသူသည် မိမိကြောက်သည့်အရာနှင့် ပတ်သက်၍ အမြဲသတိထားနေပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု အဓိပ္ပာယ်ရသည်။ အခြေအနေကို ပိုမိုဆိုးရွားမလာစေရန် ကြောက်ရွံ့မှုကြောင့် သတိရှိရှိဖြင့် စီမံချက်ချကာ ကိုင်တွယ်ဖြေရှင်းတတ်သော သဘောကို ဆိုလိုသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment